My Blog List

Monday, December 31, 2012

၂၀၁၃နှစ်သစ်ကူး ငြိမ်းချမ်းရေးဆုတောင်း


၂၀၁၃ခုနှစ် ၊ ဇန်န၀ါရီလ(၁)ရက်
မင်္ဂလာပါရှင် တိုင်းရင်းသားပြည်သူအပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ၊ ဘေးဘယာဝေးကွာကြပါစေ၊ ဒီဆုတောင်းလေးကို အလေးအနက် ထားပြီး ကျွန်မဆုတောင်းပါရစေရှင်---မြန်မာပြည်မြောက်ပိုင်းဒေသ ၊ ကချင်တိုင်းရင်းသားတို့အားလုံးနဲ့ ABSDF ကျောင်းသားများအားလုံးကိုလည်း မေတ္တာပို့သပါတယ်၊ KIO/KIA အဖွဲ့မှ ဦးဂွမ်မော်၊ ဦးဂွမ်ရှောင်နဲ့ တပည့်သားများအားလုံးကိုလည်း ထပ်တူ ထပ်မျှ ဆုတောင်းပေးပါတယ်၊

ဒီပိုစ့်လေးဟာ ပြည်သူအားလုံးအတွက်ပါ၊ တိုင်းရင်းသားမောင်နှမအားလုံးအတွက်ပါ ခုလို နှစ်သစ်ကူးမှာ အားလုံးကို ပြောချင်တာကတော့ ငြိမ်းချမ်းသောလမ်းကို အတူတူ လျှောက်ကြဖို့ (တင်းနေတာတွေကို လျော့ပေးကြပါ၊ တဖြည်းဖြည်း နဲ့ လိုချင်တာကို ရယူကြဖို့၊ ငြိမ်းချမ်းရေးကို အရင် ရယူကြပါရှင်)၊ နိုင်ငံတော် သမ္မတကြီးနဲ့အစိုးရအဖွဲ့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်သားတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအသီးသီး၊ လွှတ်တော်အသီးသီး၊ အားလုံး ကျန်းမာကြပါစေ၊ ကချင်ပြည်နယ်အရေးကို ငြိမ်းချမ်းရေးအတွက် နှစ်ဦးနှစ်ဖက် (မတူတာတွေညှိ၊ တူတာတွေနဲ့ရှေ့ဆက် သွားဖို့)အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ကြပါစေ၊ KIO/KIA အဖွဲ့မှ ဦးဂွမ်မော်၊ ဦးဂွမ်ရှောင်တို့အနေနဲ့လည်း ကိုယ့်ကချင်ပြည်သူတွေရဲ့ ဒုက္ခမီးကို အမြန်ဆုံးငြိမ်းသတ်ပေးပါရှင်၊ (ခင် က ငြိမ်းချမ်းရေးအတွက် ပြည်သူအားလုံး ရင်ထဲမှာ ရှိနေတဲ့ ဆန္ဒကို ဖော်ပြတာပါ)အားလုံး အားလုံး ကျန်းမာပျော်ရွှင်ပြီး ကချင် ကယား ကရင် ချင်း မွန် မြန်မာ ရှမ်း နှင့်တကွ တိုင်းရင်းသား(၁၃၅)မျိုးလုံး ထဲမှာ ကချင်ဟာ ထိပ်ဆုံးကပါပါတယ်ရှင်----နားလည်ပေးနိုင်ပါစေ

No comments: