My Blog List

Saturday, December 1, 2012

ကိုယ်ဖောက်သည့်လမ်း

တကယ်တမ်းဆို ပျော်ရွှင်ကြည်နူးနေတတ်သူအတွက်
စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာ လုံးဝမရှိနေတတ်ချင်ရဲ့
ဒါပေမယ့်ကွယ်************
သောကပွားများ ဒေါသများနှင့် မနက်ခင်းကိုဖွင့်လှစ်ကြိုကာ
စိတ်မော လူမော နှလုံးတုန်ခါ ဒေါသသင့်ရာ အရာရာကို
ကြိုဆိုလက်ကမ်းမိလိုက်တယ်*******
ကိုယ့်ရင်ထဲကအပူမီးကို ငြိမ်းသူမရှိ
ဒေါသထန်၍ မျက်မာန်ရှကာ 
မြင်မြင်ရာကို ပေါက်ခွဲလွှင့်ပစ်
အော်ဟစ်ညည်းကာ ငိုယိုလျှက်နှင့်
ဖြေဖျောက်ပြေပျောက်ရချင်မိသည်*********
တစ်ယောက်တည်းပူ
တစ်ကိုယ်တည်း လျှောက်
ကိုယ်သာလမ်းဖောက်
ရှေ့ကလျှောက်လည်း
နောက်လိုက်သူက အင်အားမဲ့စွာ
စိတ်ဝေဒနာကို အလီလီလက်ကမ်း
နောင့်နှေးခရီးကို တမင်ထွင်လှမ်းနေပါလား**************
ရေအေးတစ်ခွက်
ပန်းတစ်ခက်နှင့်
လှမ်းလက်တွေကို
 ယုံကြည်ခဲ့ဖူး မိုက်ရူးရဲဆန်
လမ်းအမှန်ကို မမြင်ခဲ့သူ
ကိုယ့်လိုလူအတွက်
လောကကြီးက ခက်ခဲကြမ်းတမ်းလှပါလားကွယ်*************
တစ်နေ့နေ့မှာ
တစ်ကြိမ်တစ်ခါ စိတ်ချမ်းမြေ့ကြည်နူး နေဖူးလိုက်ချင်
သောကပင်လယ်၊ စိတ်မောရင်ပြင်
ဒီလောကခွင် မြင်မြင်ရာက 
မီးပွင့်မီးလျှံ ရင်ကိုပူလောင်စေပါတကား*********
မနေဘူးကွယ် ပြန်တော့မည်ဟု
လာရာလမ်းဆီ မှန်းမျှော်မိသော်
နောက်လှည့်ပြန်ကြည့် 
လာရာခရီးကား  ဆယ်စုနှစ်များဝါးမြိုသွား၍
ေ၀၀ါးလမ်းပျောက်နေပြီတကား************
ရပ်တန့်နေရာ ဒီနေရာကား
မျက်ရည် သောက ပူပင်မောပန်း
သောကလမ်းပင်ဖြစ်တော့သည်
ရှေ့လျှောက် ရည်မျှော် ကမ်းလင့်ခေါ်မည့်
လက်များသည်လည်း ဝေး၀ါးပျောက်လု
ရင်နင့်မျှော်လည်း ကုန်လွန်ခဲ့သော
ဘ၀တစ်လျှောက်ဝယ်
ကိုယ်သာ ဖောက်ခဲ့ လျှောက်ခဲ့သည်လမ်း
မဆုံးသရွှေ့ မျက်ရည်ပင်လယ်
သောကဘုံနန်း အရောက်လှမ်းဖို့
ကိုယ်လမ်းကိုယ်ဖောက်ကိုယ်လျှောက်ခဲ့သူ
ကိုယ်သာ အပြစ်ရှိ ကိုယ့်နောင်တကို
ကိုယ်သာ စားသုံး ပျော်လည်းဆက်ပါ
ဝမ်းနည်းငိုကြွေး ဆက်ပါမနှေး
ကိုယ်က သာလျှင် ဆုံးဖြတ်ခဲ့မှုအပေါ်
တာဝန်ယူကာ ဆက်လျှောက်ပါဟု
မည်သူ အားပေးနေသနည်း။
(ယွန်းဆုဝဿန်)
 

No comments: