My Blog List

Saturday, December 1, 2012

တောင်ကြီးသူတောင်ကြီးသားများ တောင်ကြီးမြို့ကိုချစ်တယ်ဆိုရင် ရေတံခွန်ကြီးကို ထိန်းသိမ်းကြပါစို့


တောင်ကြီးမြို့ကိုချစ်တယ်ရှင်
တောင်ကြီးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄၀၀၀)ကျော်မှာ တည်ရှိပါတယ်၊ တောင် ကြီးမြို့ကို နှင်းမြို့တော်လို့ ခေါ်ရင်တော့ အကောင်းဆုံးပေါ့၊ သူက ပန်းမြို့တော်လို့ တင်စား မရဘူးလေ၊ ပန်းတွေသိပ်မရှိလို့ပေါ့၊ ပန်းဥယာဉ်လည်းမရှိဘူးလေ၊ ပြင်ဦးလွင်လို ရုက္ခဗေဒဥယျာဉ် မရှိဘူး၊ ပန်းတွေလည်းမရှိဘူးပေါ့၊ ရာသီပန်းတွေတော့ရှိတယ်၊ ရှားသွားပြီလေ၊ ဟိုတုန်းက တော့ တောင်ကြီးမြို့ရဲ့ရာသီဥတုက  အင်မတန်အေးခဲ့တယ်  ဆောင်းတွင်းကာလမှာ အိမ်ခောင်မိုးပေါ် မှာဗန်းလေးထဲ ရေထည့်ထားရင် မနက်ဆို ရေလေးတွေခဲနေတာပေါ့ ဒါက လွန်ခဲ့တဲ့ နှစ် တွေကဖြစ်ခဲ့တာ
ဆယ်စုနှစ်(၃)ခုကျော်ကပေါ့၊ နှစ်သုံးဆယ်လောက်က သာ ရာသီဥတုကို ထိန်းခဲ့ရင် တော့ ဒီနေ့မှာ အရမ်းအေးတဲ့ဆောင်းကို လက်တွေ့ခံစားနိုင်မှာပဲ၊ 
ရာသီဥတုဆိုလို့ လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်ကပေါ့ မိုးခေါင်တဲ့နှစ်ကပေါ့ ခင်တို့ ရွှေညောင်ကို ဆိုင်ကယ်နဲ့သွားခဲ့ကြတုန်းကပေါ့  မေလ(၁၇)ရက်နေ့မှာ မိုးတွေကရွာကျလာခဲ့တယ်၊ မိုးခေါင်နေတုန်း ပထမဆုံးရွာတဲ့မိုးမို့  ထင်ပါ တယ်  ရေတွေအများကြီးပါတယ်လေ၊ တောင်ပေါ်မှာမိုးတွေ မဲမှောင်ပြီးရွာနေမှန်းသိတော့   ခင်တို့က မိုးတိတ်အောင်စောင့်ပြီးမှ ဆိုင်ကယ်တွေနဲ့ပြန်တက်လာကြတာပါ၊ အဲဒီမှာ စိုက်ပျိုးရေး ကွေ့နားရောက်တော့ တောင်ကျရေတွေစီးဆင်းတဲ့ ရေတံခွန်ကြီးရှိတယ်၊ သာမန်အချိန်မှ တောင်ပေါ်ကနေ အရှိန်နဲ့ဆင်းလာတဲ့ရေတွေဟာ ကျောက်ဆောင်တွေကို ပွတ်တိုက်လှိမ့်ဆင်းလာ  ရတဲ့အတွက် ဖွေးဖွေးဖြူကြည့်လှနေပေမယ့်၊ အဲဒီနေ့က ရေတံခွန်ကြီးဟာ အမှုန်အငွေ့တွေ  မီးခိုးတွေ ထွက်နေသလို အမှုန်တွေထနေသလို၊ အင်း မီးသွေးမှုန့်တွေ ဖုန်ထနေသလိုနဲ့ ရေတံခွန်တစ်လျှောက်ကျနေတယ်လေ  ရေတံခွန်က ရေတံခွန်နဲ့မတူပဲ သတ္တုတစ်ခုခုအမှုန်တွေ ထနေသလိုပဲ  မြင်စကတော့ အံ့သြတယ် ဘာသတ္တုတွေ ထတာလဲလို့ပေါ့၊ နောက်မှ ဆိုင်ကယ်ကိုရပ်ပြီး   သေချာကြည့်မှ ရေတံခွန်ဟာ ဆောင်းရာသီတစ်လျှောက်နဲ့နွေရာသီတစ်လျှောက်လုံး ရေစီး  မှုမရှိဘဲ တောင်ပေါ်က ကျလာတဲ့ တောင်ကြီးမြို့ရဲ့ အညစ်အကြေးမျိုးစုံတွေ အနယ်အနှစ်တွေ က ရေတံခွန်တစ်လျှောက်လုံး ငြိတွယ်ကပ်နေတဲ့အတွက် အခုလို မိုးခေါင်တဲ့အချိန်မှာ ပလပ်စတစ် အမှိုက်တွေ၊ အညစ်အကြေးတွေ၊ ရွှံ့တွေဟာ တောင်ကြီးမြို့ပေါ်က မိုးရွာလို့ စီးဆင်းလာတဲ့ မိုး ရေတွေ၊ ချောင်းရေ၊ မြောင်းရေတွေ ၊ တမြို့လုံးရဲ့ချောင်းဆိုးကြီးက ဝေ့၀ှိုက်သယ်ပိုးလာတဲ့   ရေတွေဟာ အရှိန်နဲ့စီးဆင်းလာချိန်မှာ ရေတံခွန်တစ်လျှောက်ကျောက်ဆောင်ကျောက်ခဲတွေမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေပေါင်းပြီး ရေတံခွန်မဲမဲကြီးအဖြစ်နဲ့ နံစော်ပုတ်ပွနေတဲ့ အနံ့အသက်တွေနဲ့ ပြောင်းလဲစေခဲ့တာပါ၊ ဘယ်လောက် ၀မ်းနည်း ယူကြုံးမရစရာအဖြစ်လည်းလေ  ။ အဲဒီင်္မှာ ခင်တို့ အကြာကြီးရပ်ပြီး ဗီဒီယိုတွေရိုက် ဓါတ်ပုံတွေရိုက်ရင်းနဲ့ ၀မ်းနည်းခံစားမိတယ် လေ။ ဘာလဲဆိုတော့ ခင်တို့ တောင်ကြီးမြို့ ဟာ အင်မတန်လှပသန့်ရှင်းပြီး တိုင်းရင်းသား တွေ   ရဲ့ ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ ယဉ်ကျေးမှုတွေ နဲ့ သင်းပျံ့မွှေးတဲ့မြို့လေးဖြစ်ပါတယ်၊ ဒါပေမယ့် ခုချိန်မှာတော့ အင်မတန်မှ သတိထားရမယ့် ရာသီဥတုဖောက်ပြန်မှု၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုတွေကို မဖြစ်အောင် ဂရုစိုက်ရမယ့်မြို့လေးဖြစ်နေပြီဆိုတာလေ၊ ဒါ့ကြောင့်လည်း နာမယ်ကျော် အင်းလေးကန်ရဲ့ မိုင်(၃၀)၀န်းကျင် ကို စိမ်းလန်းစိုပြေအောင် လူမှုရေးအဖွဲ့အသင်းတွေ၊ ဆည်းမြောင်းတို့၊ ထွေအုပ်တို့၊ သက်ဆိုင်ရာ အုပ်ချုပ်သူတို့က အလေးထားဆောင်ရွက်နေကြ သော်လည်းပဲ ရှမ်းပြည်သူ/သားတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းအဖြစ် ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ဖို့လိုလာပြီလေ၊ သစ်တောသစ်ပင်တွေကို သစ်တောဌာနကထိန်းသိမ်းတယ် ဆိုတာ လုပ်ငန်းသဘာဝပါ၊ ဒါပေမယ့် ပြည်သူတွေက သစ်ပင်တွေကို မခုတ်ဖို့ ၊ သစ်ပင်စိုက်ပြီး ကုသိုလ်ယူသလို ရာသီဥတုတွေမျှတဖို့ တစ်ဖက်တစ်လမ်းက ကူညီသင့်တယ်လို့ထင်ပါတယ်။
တောင်ကြီးမြို့ရဲ့ အတက်လမ်းမှာ ရေတံခွန်ပုံစံနဲ့ တည်ရှိတဲ့ ရေတံခွန်တွေဟာ တောင်ကြီး
မြို့ပေါ်က ချောင်းဆိုးတွေက စုရုန်းကျဆင်းလာတဲ့ရေတွေပါ၊ အရင်ကတော့ ရေသန့်တွေကျ တာပါ ခုချိန်မှာတော့ ပလပ်စတစ်ကျွတ်ကျွတ်အိတ်မျိုးစုံ၊ ဖိနပ်စုတ်၊ ရာဘာစုတ်တွေ၊ မီးဖိုချောင်ထွက် အညစ်အကြေးတွေ၊ တောင်းစုတ်၊ ပလုံးစုတ်တွေ နဲ့ အညစ်အကြေးပေါင်းစုံတွေ ကို လူတွေက စည်းမဲ့ကမ်းမဲ့ ပစ်လွှတ်ခဲ့တဲ့ ချောင်းတွေကနေ ရောနှောစီးဆင်းလာတော့ အရင်က လှပပြီး
ရုပ်ရှင်ကားတွေမှာတောင် ထည့်ရိုက်ခဲ့တဲ့ ဒီတောင်ကြီးမြို့က တောင်တွေကြားကရေတံခွန်ဟာ မသန့်ရှင်းတော့ဘူး၊ ကျောက်တုံးကျောက်ခဲတွေမှာ ရောင်စုံကျွတ်ကျွတ်အိတ်တွေ ၊ ဖိနပ်စုတ် တွေကပ်ငြိနေတာကို ဖြတ်သွားတိုင်းမြင်ရတော့ ရင်ထဲမှာ နင့်ရပါတယ်၊ ကိုယ်တစ်ယောက်   တည်းအင်အားနဲ့တော့ သန့်ရှင်းအောင်မလုပ်နိုင်လို့ ဒီစာလေးကို ရေးတင်လိုက်ရတာပါ၊ အများညီညာစွာ ကူညီလုပ်အားပေးဆောင်ရွက်ကြရင် တောင်တက်လမ်းက ရေတံခွန်လေးဟာ ရေဖွေး ဖွေး လေးနဲ့ ဆင်းစော့ချင်စရာကောင်းမှာပဲ၊ တစ်ခါက ဒီရေညစ်ရေတံခွန်ကို နိုင်ငံခြားသားခရီးသွား တွေက ဆင်းကြည့်ရင်း ပျော်ပါးစွာ ရေတွေစော့ကစားရင်း မျက်နှာသစ်နေတာကို မြင်တွေ့ခဲ့ ရတာဟာ တောင်ကြီးသူတစ်ယောက်အနေနဲ့ မျက်နှာပူခဲ့မိပါတယ်၊ တကယ်ဆို အားလုံးကို ဖြူစင်တဲ့ ရေတံခွန်လေးအဖြစ်နဲ့ပေးဆပ်ချင်တာ တောင်ကြီးသူ/သား တိုင်းရင်းသားတွေရဲ့စေ တနာပါ ၊ ခင့်လိုပဲ ဆန္ဒရှိကြမယ့် သူတွေနဲ့ ခင်တို့ တစ်နေ့လောက် လုပ်အားပေးချင်ပါတယ်။ကမ္ဘာ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ထက်တောင်ကြီးမြို့ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ က ခင်တို့မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်၊ တာဝန်မမဲ့ချင်တဲ့သူတွေထဲမှာ မိတ်ဆွေကော ပါဝင် ချင်မှာပါ၊ အားလုံးပေါ့ ခင်ကတော့ မျှော့်လင့်နေမှာပါ။(ယွန်းဆုဝဿန်)

No comments: