My Blog List

Friday, December 14, 2012

သံယောဇဉ်သို့ တမ်းချင်းကဗျာ

သံယောဇဉ်သို့ တမ်းချင်းကဗျာ
*************************************
တကယ်မဝေးပေမယ့် သူစိမ်းပြင်ပြင်အနေစိမ်းတော့
ရင်ထဲမှာ နာကြင်မိတယ်
ကိုယ်တန်ဖိုးထား တွယ်တာလေသမျှ
ရယ်ပွဲဖွဲ့ညှိုးရက်တယ်ကွယ်
ချစ်တယ်ချိုစကားတွေပြောခဲ့တာလည်း
နင်ပါပဲကွယ်...........
ရင်ထဲမှာ နင့်အောင်နာပေမယ့်
အပြုံးမပျက်စောင့်ကြည့်လျှက်ပါ
နင်ပစ်သွားတဲ့နေ့ရက်တိုင်းဟာ
ပြက္ခဒိန်မှာ အနီစက်တွေ
ကိုယ့်နှလုံးသားကအရှင်လတ်လတ်သွေးထွက်နေတဲ့ရက်စွဲတွေက
လှောင်ပြောင်ရယ်ပွဲဖွဲ့သံတွေကြားမှာ
ချစ်သူရဲ့ ချန်ထားရက်ခြင်းကို
ရင်နဲ့မမျှအောင်ခံစားနေရတဲ့
ဟောဒီက ကောင်အတွက်ကတော့
ရူးသွပ်လုမတတ်ပါပဲကွယ်......
သူတကာတွေလှောင်ရယ်ဖွဲ့အောင်
ချစ်ခဲ့တုန်းကတော့နင်အသည်းနင့်လောက်အောင်ထိ
ချစ်ပေးခဲ့တယ်ဆို၊ ခုတော့အခါ တမာခါးတယ်ဆိုတာတောင်
နင့်နှုတ်ဖျားက စကားကသာတယ်
ဘာတဲ့ မေ့ပြစ်လိုက်တော့တဲ့လား
ကလေးကစားစရာလို ကိုယ့်ကို လှည့်စားခဲ့တာလား...........
ဝေဒနာကို ဟန်လုပ်ပြုံးရင်တောင်
မဲ့နေတဲ့ကိုယ့်ရုပ်သွင်က
လူတကာဟားစရာဖြစ်အောင် မင်းအချစ်က
စော့ကစားတဲ့အချစ်တဲ့လား..........
ဆုတောင်းခွင့်ပြုရင် တောင်းဆုခြွေချင်တယ်အချစ်ရယ်
ကိုယ်ခံစားခဲ့ရတဲ့ ဝေဒနာ တစ်စက်တစ်မှုန်လောက်တောင်
မင်းချစ်တဲ့သူနဲ့တွေ့တဲ့အခါ မခံစားရပါစေကြောင်း
မင်းပျော်ရင် ကိုယ်ကျေနပ်တာမို့
မင်းအမုန်းကို ပြုံးဟန်ဆောင် ကျေနပ်နေမှာမို့
ရင်ခွင်ဟောင်းကို ပြန်လာမယ်ဆိုရင်တောင်
အိပ်မက်လိုလို အတွေးတွေအဖြစ်
ကိုယ်မေ့ပစ်ပေးမယ်လေ.........
ယောက်ျားမာနမရှိတဲ့ကောင်လို့ ဝေဖန်အပြစ်တင်ရင်လည်း
ကိုယ်ဆိုတဲ့လူသားတစ်ယောက်ဟာ
တစ်သက်မှာ တစ်ယောက်ကို ပဲ နှစ်နှစ်ကာကာချစ်ခဲ့တာမို့
မျက်နှာမပြောင်းချင်တဲ့သူဖြစ်ကြောင်းကို
ကြေငြာမောင်းခတ်ပါရစေလေ......။
(ယွန်းဆုဝဿန်မှ ဖြိုးကိုကိုအတွက် လက်ဆောင်ပေးခြင်းပါ)26-11-2012

No comments: