My Blog List

Saturday, December 1, 2012

အိပ်မက် အိမ်


တကယ်လွမ်းတယ်နော်
ဘယ်မျှော်မှန်းလွမ်းရပ
ဘယ်ဌာနေဘယ်အဝေးကို
စိတ်ကူးနဲ့ဦးတည်
ဘယ်ခရီးကို
ဘယ်ရထားစီးကာ
ဘယ်ဇက်နဲ့ကူးရမယ်
ဘယ်သူသိသလဲကွယ်။
လာလေလာလေ
ဒီအိမ်လေးမှာ
စိတ်ကြိုက်ရောင်စုံကွန့်ကာ
ပန်းချီပုံဘယ်လိုချိတ်ကြ
ဘယ်အဆင်ဘယ်အသွင်နဲ့
ရင်အေးကြည်လင်စွာ
ဘ၀င်အေးကြည်ရွှင်စွာနဲ့
ဘယ်အသွင်အပြင်ကို
ဆင်ယင်ကြမလဲ။
လမ်းခရီးတစ်လျှောက်မှာ
ခရီးထောက်နားခိုစရာ
မိုးသည်းသည်းရွာရင်
မိုးခိုချင်တယ်
လေပြင်းတွေဝင်လာနွှဲရင်
ရင်တွင်းမှာခိုဝင်လှဲ့ကွယ်။
အေးစက်တဲ့နေ့တွေမှာ
နွေးထွေးစွာခြုံလွှာလေးလို
ပူပြင်းတဲ့နေ့တွေမှာ
ရင်အေးစရာ ခပ်ပေးမယ့်
ယပ်လေးလို။
အုတ်မြစ်ချတဲ့အိမ်
ကြည်ရွှင်စွာစည်ပင်ကြောင်းရယ်
ထပ်လောင်းကဆုတောင်းပေးလို့
ဒီနေ့လေးမှာ စိတ်ကူးအိမ်
စတင်တည်ဆောက်ခဲ့တဲ့အချိန်
မင်္ဂလာပါအိမ်ရှင်ဆရာရယ်
ကြီးပွားတိုးတက်ချမ်းသာလျှက်နဲ့
စိတ်ရွှင်လန်းဝမ်းမြောက်စွာ
လိုအင်တွေထပ်တူကျ
ရ--ရ--ပါစေ။
အိမ်အသစ်လေးမှာ
စိတ်ညစ်စရာတွေမပါ
ပျော်ရွှင်စွာသီးကျူးမယ့်
ကျေးငှက်တွေသာ။
ပန်းချီကားမှာ စိမ်းလဲ့လဲ့
ပန်းဝါ၀ါ အချစ်ပန်းတွေ
ခုကစ ဖူးပွင့်ပါစေ။
မင်္ဂလာအပေါင်းနဲ့
ရာသီဟောင်းတွေကို
မေ့ထားမေ့နိုင်ပါစေ။
ကျန်းမာခြင်းလန်းဖြာခြင်းတွေ
အိမ်သစ်လေးအရိပ်မှာ
လိုတိုင်းတ၊ တတိုင်းရပါစေကြောင်း
ချစ်ခြင်းအပေါင်းနဲ့လေ
ဆုတောင်းပေးပါစေ
အိမ်လွမ်းသူနှစ်ယောက်ရဲ့
စိတ်ကူးယဉ်အိပ်မက်ထဲက
ချစ်ခြင်းဖွဲ့ကဗျာတေးနဲ့
ပျော်ရွှင်ခြင်းဖွဲ့ ကဗျာအိမ်လေးရဲ့
ထာဝရ သခင်  ပျော်ရွှင်ပါစေ။

No comments: