My Blog List

Tuesday, November 13, 2012

နေပြည်တော်ခရီးစဉ်မှာ ရန်ဖြစ်ခဲ့ရတဲ့အကြောင်း

ဒီတစ်ခေါက် နေပြည်တော်သွားတဲ့ခရီးမှာ လွမ်းစရာလေးတွေဖြစ်ခဲ့ရတယ်----ရွှေတောင်ရိုးကားနဲ့သွားတာ၊ မြို့မဈေးရောက်တော့ ကိုယ့်အိတ်ကိုယ်ဆွဲနေတုန်း၊ ဟိုလူကဆွဲပေး ဒီလူကဆွဲပေးနဲ့၊ ကားပေါ်ကို ရောက် လာသူတွေက ဂိတ်ကလိုလို ဘာလိုလိုနဲ့လေ၊ နေပြည်တော်သွားတုန်းပါလာတဲ့ တပည့်ကျော်လေးက ခုံအောက်က အထုတ်ရယ် အပေါ် တန်းပေါ်ကအထုတ်ရယ်ကို ဆွဲမနေတုန်း ပစ္စည်းတွေထည့်ထားတဲ့ ဆာလာအိတ်ဇစ်နဲ့အိတ်က ပျောက်သွားပါလေရော၊ အဲဒီမှာ လိုက်ရှာလည်းမတွေ့တော့ဘူး ကိုယ့်ခုံအောက်ကအိတ်ကို ကူညီသလိုနဲ့ဆွဲချသွားတာ၊ ဘယ်သူက ဆွဲမသွားသလဲမသိဘူး၊ အဲဒီအိတ်ကို ဘယ်လိုမှ ရှာမရဘူး၊ 

ကားဝမ်းထဲက သေတ္တာကို စောင့်ယူရ၊ အိတ်ပျောက်ရှာရနဲ့ စိတ်ကလည်း တို၊ အိတ်ကလည်း မတွေ့၊ တပည့်ကျော်လေးကတော့ ဟိုဘက်ပြေးရှာ၊ ဒီဘက်ပြေးရှာနဲ့၊ ကားငှားစီးတဲ့ ခရီး သည်တွေကို ကားမထွက်ပါနဲ့ဦးပြောပြီး ကိုယ့်အိတ်များမှားပါသလားဆိုပြီး ရှာရသေးတယ်၊ မတွေ့ပါဘူး ၊ ကားပေါ်မှာ ခရီးသည်တွေရှင်းသွားတော့ ကိုယ့်အိတ်ထက်သေးပြီး အထဲမှာ ကြက်သွန်ဖြူ၊ ပဲပုတ်၊ ခေါပုတ် နဲ့ သံပုရာချဉ်ထုတ် ၊ ပဲငပိထုတ်အချို့ပါတဲ့အိတ်ကို တွေ့တယ်၊ ပိုင်ရှင်မရှိဘူး၊ ဒါဆို အိတ်မှားပါသွားတာပေါ့၊ ဒါပေမယ့် တစ်ခြားစီပဲ ကိုယ့်အိတ်က ပိုရှည်တယ်၊ များတယ် ၊ ကိုယ့်အိတ်ထဲမှာက သူများမှာလိုက်တဲ့ ၀ိုင်ပုလင်း(၂)လုံး၊ ဆီဗူး(၁)ဗူး၊ ဆန်အိတ်တစ်အိတ်၊ လက်ဖက်ခြောက် ခုနှစ်ဆယ့်ငါး ကျပ်သား၊ မြေပဲဆန်၊ ခေါက်ဆွဲ၊ ကြာဇံ၊ နဲ့ စားစရာအချို့ပါတယ်လေ၊ နေပြည်တော်ခရီးမှာ စိတ်အနှောင့် အယှက်ဖြစ်ရတယ်၊ မြို့မဈေးဂိတ်ကလည်း သူတို့က ပြောတယ် ကိုယ့်အိတ်ကိုယ်ကြည့်ထားမှပေါ့တဲ့၊ ကြည့်ထားဖို့နေနေသာ သူတို့ပဲလာပြီး ကူညီသလိုနဲ့ဆွဲချပေးကြတာလေ၊ ပြီးတော့ အိတ်မအပ်ထားရင် တာဝန်မယူဘူးတဲ့ ခရီးသည်နဲ့အတူတူ ယူထားတဲ့အိတ်ဆို တာဝန်မရှိဘူးတဲ့၊ အင်း ရယ်တော့ရယ်ရသား၊ တောင်ကြီးဂိတ်ကလူတွေက သဘောကောင်းပြီး အိတ်တွေတောင်တင်ပေးခဲ့တာပဲ၊ ဒါနဲ့ ကားပေါ်ကျန်ခဲ့တဲ့အိတ်ကို သူတို့က ပိုင်ရှင်မတွေ့တော့ ဂိတ်မှာယူထားပေးမယ်တဲ့ တစ်ရက်ခွဲကြာလို့ ပိုင်ရှင်လာမရှာရင် လာမလဲရင် ဒီအိတ်ကို ကျွန်မကိုပေးမယ်တဲ့ ၊ ဘာမှမတတ်နိုင်တော့လည်း ဒီအတိုင်းပဲ ကားငှားပြီး ကိုယ်တည်းမယ့်နေရာသွားခဲ့ရတယ်၊ သုံးရက်လောက်ကြာတော့ ဖုန်းဝင်လာတယ်၊ ခရီးသည် ကလာမလဲလို့ အဲဒီအိတ်ကို လာယူပါတဲ့ ၊ သူငယ်ချင်းတစ်ယောက်နဲ့သွားယူခဲ့ပြီး အိမ်ရောက်တော့ ဖောက်ကြည့် လိုက်တော့ အထဲမှာ ခေါပုတ်တွေက မှိုတွေတက်လို့ ၊ လွှင့်ပစ်လိုက်ရတယ် ဘာမှ ကောင်းတာမပါဘူး၊ ဒါပေမယ့် အပြန်မှာလည်း ဒီကားပဲစီးခဲ့တာပါ၊ ဒါတောင် ဂိတ်က ညနေ(၆)နာရီ ထွက်မယ်ရေးထားတာကို လူစုံရင် ငါးခွဲမှာထွက်မယ့်လုပ်လို့  နည်းနည်းတော့ ရစ်ခဲ့လိုက်တယ်၊ ငါ အလာတုန်းကလည်း နင်တို့လုပ်လို့ အိတ်ပျောက်ခဲ့ရတယ်၊ ခုလည်း ပုံမှန်ထွက်ချိန်မထွက်ဘဲ စောထွက် မယ်ပြောတယ် ၊ မရဘူး ငါတို့ အပေါ်မှာ ထမင်းတက်စားဦးမယ်၊ ငါမပါဘဲ ထွက်လို့ကတော့ နင်တို့ဂိတ် ကို တိုင်တော့မှာ ဆိုပြီး ခပ်တည်တည်နဲ့ရစ်ခဲ့ရတယ်၊ တကယ်တော့ တောင်ကြီးမြို့ပေါ်က ဂိတ်က လူတွေ သဘောကောင်းသလောက်၊ ခရီးသည်တွေကို သေချာမဖြေရှင်းပေးနိုင်ပဲ စကားနဲ့ ခရီးသည်ကို မှားတယ် ကိုယ့်အိတ်ကိုယ်ဂရုစိုက်မှပေါ့ ၊ ခရီးသည်အပ်တဲ့အိတ်ပဲတာဝန်ယူတယ်၊ ခရီးသည်နဲ့ကားပေါ်ပါတဲ့အိတ် ဆို တာဝန်မယူဘူးဆိုတဲ့စကားတွေအစား အိတ်ပျောက်တဲ့ ခရီးသည်ကို ချော့မော့ပြီး ချိုသာစွာပြောလည်း ခရီးသည်က ကျေနပ်ရတာပါပဲ----တစ်ခါတစ်ရံ ခရီးသည်တွေရင်မှာ ခိုးလိုးခုလုဖြစ်ရတဲ့ ဆက်ဆံပြောဆို မှုတွေသာ  ပြုပြင်ရင်ကောင်းမှာ၊ ရန်ကုန် အောင်မင်္ဂလာဂိတ်မှာလည်း ရွှေတောင်ရိုးဂိတ်ကလူတွေက စကားရင့်တာကို ခံခဲ့ဖူးပြီးပြီ ၊ ကိုယ်ယူလာတဲ့ ပလပ်စတစ်ဗူး လေးထောင့်ကို အပ်တာကို ဒါက အလကား တင်မရဘူး အပ်မှရမယ် သုံးထောင်ကျမယ်နဲ့ အော်ဟစ်ပြောတယ်၊ ဒီကလည်း ပြန်အော်မိတယ်လေ၊ ကျွန်မက ရှင်တို့ကို ကျသင့်ငွေပေးမယ့်သူပါ သုံးထောင်မကလို့ ဘယ်လောက်ကျကျ ၊ ကျွန်မပစ္စည်း ဒီကားနဲ့တပါတည်း ပါရင်ပြီးတာပဲ ၊ ဘယ်သူက မပေးပဲသယ်နေလို့လည်း လို့ ပြန်အော်ခဲ့ရတယ်၊ ဘာပဲ ဖြစ်ဖြစ် ခရီးသည်တွေကို လေးလေးစားစားဆက်ဆံပါ၊ ဘယ်သူမှ ကားကို အလကားမစီးသလို၊ ပစ္စည်းကိုလည်း အလကားမတင်ပါဘူး၊ အင်း ရေးရင်းနဲ့ စိတ်ပေါ့သွားပါပြီ၊ အိတ်ပျောက်တဲ့နေ့ကသာ ချက်ခြင်းရေးတင်ရင် ဒီဂိတ်တော့ နာမယ်ပျက်မှာပဲ၊ ခုဟာက အပြုသဘောနဲ့ သိရုံလေး ရေးတာပါ၊ ဒေါသလည်းမပါဘူး၊ ဘာရည်ရွယ်ချက်မှလည်းမပါဘူး၊ ကိုယ့်ဘက်က ခရီးသည်တွေ အပေါ် ဘယ်လို ၀န်ဆောင်မှုပေးမလဲဆိုတာရယ်၊ နှုတ်နဲ့ပြောတာတောင် ခရီးသည်ကို အပြစ်တင်တဲ့ အပြောအဆိုဝန်ဆောင်မှုဟာ လုပ်ငန်းကျဆင်းနာမည်ပျက်စေတယ်ဆိုတာကို သိစေချင်တာလေးတစ်ခုပါပဲ။

No comments: