My Blog List

Saturday, December 1, 2012

အမုန်းမရှိတဲ့အချစ်


တွေ့ချင်မိတယ် ချစ်သူရယ်လို့
သူလာလက်တို့ မက်ဆေ့ပို့တော့
ချစ်သူအနား အပြေးလေးလာမိပါတယ်။
မိုးလင်းကနေ မိုးချုပ်အထိ
သူ့အလုပ်က များမှများနော်
ကိုယ့်အား ချန်ထားသတိမရအားတဲ့
ချစ်သူကိုလေ စိတ်ဆိုးလွန်းလို့
မခေါ်ဘဲလျှက်ထားခဲ့ချင်မိ
ရင်မှာ ဖြစ်မိ မုန်းမိလိုက်ချင်၏။
ချစ်သူမျက်နှာ ပြုံးလွလွနှင့်
ဆင်ခြေဆင်လက်ဖြေရှင်းစကား
အသံလေးများကြားရပြန်တော့
အော်လေ သူက မအားရှာဘဲ
ရောက်လာရသည် ခွင့်လွှတ်မိ၏
ချစ်တဲ့စိတ်က အဆန်းသား။
အတူတူသွား လမ်းတံတားလေးတွေ
အတူတူစား မှုန့်အအေးတွေ
အတူတူ သင်ယူ အင်ဖော်မေးရှင်းတွေ
အတူတူကစား ဖုန်းကလေးများရယ်
ခုတော့ စိတ်မှာ ခွင့်လွှတ်မိပြန်သည်။
တစ်ခါတစ်ခါ ထမင်းလက်စုံစား
သူ့အကြိုက်သူ့အချစ်သူ့ဘ၀လေးတွေ
ဟိုပြောဒီပြော နားမညည်းပါ
နားထောင်ခေါင်းငြိမ့် စာနာနားလည်
သိတတ်ပေးသူ ချစ်သူလေးကို
သူက ခဏခဏ ချန်ထားရစ်ကာ
အချိန်များစွာ မေ့ထားရက်သည်။
ခွင့်လွှတ်သည်က ခဏခဏ
စိတ်ကောက်ရင်လည်း ကောက်မရ
မချော့တတ်သူ သူ့လိုလူကို
ကိုယ်က ပျော့ရ ချော့ရ နားလည်ရသည်
တွေ့ဆုံရတိုင်း ဒီတိုင်းအမြဲ။
မိုးထိလှေကားထောင်မြင့်တက်ဖူးသည့်
ကိုယ့်မာနတွေ ခုတော့ သူ့ဖ၀ါးအနားနားမှာ
မသိသလိုသိသလိုနဲ့ ခြေဖျားနားမှာ
မာနချကာ ချစ်ခဲ့သူ။
ပြစ်မသွားပါဘူး သူ့နားလေးမှာ
အမြဲတစေ ရှိနေသူဟာ
ကိုယ်ပါပဲလို့ အကြွင်းမဲ့ယုံကာ
ယုံကြည်မှုနှင့်အေးစက်သူ။
စိတ်လိုလက်ရ ကိုင်ရိုက်ရလျှင်
ချစ်သူ နဖူး ဒဏ်ရာရမည်ထင်ပါသည်။
အေးစက်စွာချစ်တတ်သော
တယုတယ ဂရုစိုက်တတ်သော
တစ်ခါတစ်ရံ မေ့ထားတတ်သူ
သူ့လိုလူကို ကိုယ်ကချစ်မိ
ခွင့်လွတ်မိသည်။
ပြစ်ခွာရှေ့ဆက် ခရီးနှင်သွား နှုတ်ဆက်သွားမည်
ဟန်ပြင်သော်လည်း သူအပြုံးအေးစက်စက်နောက်က
အချစ်တန်ဖိုး နားလည်မိလို့
အခုတော့ဖြင့် ခွင့်လွှတ်လိုက်ပြီ
နောက်ဆို မုန်းမယ် သိထားပါ။
(ယွန်းဆုဝဿန်)

No comments: