My Blog List

Wednesday, January 23, 2013

ဘလော့လေးကို မရောက်တာ တော်တော်ကြာလှပေါ့
ခုတလောက ဘာတွေမှန်းမသိဘူး စိတ်တွေက ပျော်ရွှင်စရာတွေ ဆိုတာ မရှိဘူး တစ်နေ့တစ်နေ့ ဖေ့ဘွတ်မှ ဖတ်နေမိတဲ့သတင်းတွေ ကကြေကွဲစရာ စိတ်မကောင်းစရာ တွေချည်း  ဒါနဲ့ပဲ ဘလော့လေး မှာရေးချင်တာတွေ မရေးဖြစ်ခဲ့သလို စာရေးဖို့လည်း စိတ်မပါပါဘူး
ခုပဲကြည့်လေ  

 ရခိုင်မှာ ကားမှောက်တာ လူ(၁၄)ဦးသေသတဲ့လေ (၃၃)ဦး ဒဏ်ရာရသတဲ့ နက်ခင်းဖြစ်တာနော် မနက်(၃) နာရီကျော်
လေ အဲဒီမှာ တွေးမိတာလေးတွေရေးချင်လာမိတယ်----
ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းလေးကို ရေးချင်လာတာ  တစ်ခါက ရန်ကုန်ကနေ တောင်ကြီးကို ကားလိုင်းတစ်ခုကကားကို စီးခဲ့တယ် လက်မှတ်ကြိုမ၀ယ်ထားလို့ သွားဝယ်တော့ နောက်ဆုံးက မရဘဲ၊ နံပါတ်တစ်ကိုမှ ရခဲ့လို့ အတော့်ကို အဆင်ပြေခဲ့တာ ၊ ဒီကားလိုင်း ကလည်း ဖွင့်ကာစ၊ အရမ်းကို သဘောကောင်းတဲ့ ကားဆရာတွေနဲ့ကြုံရတယ်၊ ၀န်ဆောင်မှုအတော်ကို ကောင်းတာပါ၊ လုံးဝချီးကျူးပါတယ်(ကားလိုင်းကိုတော့ နံမည်မတပ်ချင်ဘူး)၊ (115)မိုင်အထိ ယာဉ်မောင်းတစ်ယောက်ကမောင်းတယ်၊ အဲဒီမှာ စားသောက်ပြီး ထွက်လာတော့ ယာဉ်မောင်းတစ်ယောက်မောင်းတယ် သူက အသက်(50)လောက်ရှိတဲ့ယာဉ်မောင်းပါ ၊ ပထမမောင်းတဲ့ သူက နောက်ဆုံးမှာ သွားအိပ်နေပြီလေ၊ ဒုတိယမောင်းတဲ့သူဘေးမှာ က စပါယ်ယာပါတယ်၊ ကောင်လေးငယ်ငယ်တစ်ယောက်က လမ်းမှာ ဒရိုင်ဘာကို ကွမ်းကျွေးလိုက်၊ ရေဆာရင်ရေဗူးလေးပေးလိုက်နဲ့လေ၊ ဒါနဲ့ ခင်လည်း စိတ်ချချနဲ့  အိပ်လိုက်လာတယ်၊ ခရီးသွားရင် အအိပ် ဆတ်တာကတော့ အကျင့်ကို ဖြစ်နေပြီလေ၊ ခင်အိပ်နေတုန်း ကား က နည်းနည်း လှုပ်သွားတော့ နှိုးရောပေါ့၊ ဒါနဲ့ကြည့်လိုက်တော့ ဒရိုင်ဘာ ဘေးက ကောင်လေးဟာ ခြေနင်းနေရာနားမှာ စောင်လေး
ဖြန့်ပြီး တရှုးရှုးနဲ့ကွေးနေတာပေါ့၊ ဒရိုင်ဘာကြီးကြည့်လိုက်တော့ အပေါ် က တီဗွီကို ကြည့်လိုက် မောင်းလိုက်နဲ့ ၊ စကားပြောဖော်လည်း မရှိဘူး သူ့ဘာသာ မောင်းနေတာ၊ နောက်တော့ ခင်က မအိပ်ပဲ တီဗွီ ကိုကြည့်လိုက်လာတယ်၊ အဲဒီမှာ ကိုယ်က ရှေ့ဆုံးခုံဆိုတော့ အရှေ့ မှန် ကနေ လမ်းကြောင်းကို မြင်နေရတာ ၊ ကားက ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်ဆိုတော့ ခင့်စိတ်ထဲ မယုံတော့ဘူး၊ လမ်းက ဆိုးလို့ ရှောင်ကွင်းသွားတယ်ဆိုလည်း တစ်မျိုးပေါ့၊ ခုဟာက လမ်းမကြီး က ကောင်းနေသားနဲ့ ယိမ်းနေတဲ့ ကားကို မသင်္ကာတော့ဘူး၊ ဒါရိုက်ဘာမျက်နှာကို ကြည့်လိုက်တော့ သူလည်း ရှေ့ကြည့်မောင်းနေ တာပဲ   ဒါပေမယ့် ဘာမှန်းကိုမသိဘူး ကားက လမ်းဘေးဘက် ကို ခေါင်း ကတည်တည်သွားတယ် ဒါနဲ့ခင်တော့ ကြောက်လာတာနဲ့ ခရီးသည်တွေကို ကြည့်တော့ အားလုံးက စိတ်ချလက်ချအိပ်နေကြပြီ၊ ခင်တွေးမိလိုက်တာကတော့ တစ်ခုခုများဖြစ်ရင်တော့ အားလုံး သေကြ တော့မှာပဲပေါ့၊ ဒါနဲ့ စိတ်ထဲမှာ ပထမ ဒါရိုင်ဘာ ကို နှိုးလိုက်ရမလား၊ ကိုယ့်ဘေးက အိပ်ပျော်နေတဲ့ ခရီးသည် ကိုပြောပြ လိုက်ရမလား၊ စပါယ်ရာလေးကို နှိုးလိုက်ရမလား၊ ကိုယ့်လုပ် ရပ်ကြောင့် ခရီးသည်တွေများ စိုးရိမ်သောက ရောက်သွားမလား၊ ဒါရိုင်ဘာက များ စိတ်ဆိုးသွားမလားဆိုပြီးလေ၊ ခင်စိတ်တွေ အရမ်းပူပန်နေရပြီ ခင်တစ်ခုခုတော့ လုပ်မှ ဆိုပြီး စိတ်ဆုံးဖြတ်လိုက် တယ် ခင့်မှာပါတဲ့ အအေးဗူးလေးကို ပိုက်နဲ့ဖောက်ပြီး အသံမြည် အောင်သောက်လိုက်တယ်၊ ဒါက ဒါရိုက်ဘာကို အိပ်မငိုက် အောင် အသံနဲ့ထိန်းလိုက်တာ၊ သူတစ်ယေက်တည်း မဟုတ်ဘဲ ကောင်မလေးတစ်ယောက် မအိပ်ပဲရှိနေတယ်ဆိုတဲ့ အဖော် ရှိနေတယ်ဆိုတဲ့ ပုံမျိုးဖမ်းလိုက်တာ၊ ကားလမ်းကြောင်းက မှန်နေရင် ခင်က အသံတိတ်ထားတယ်၊ မျက်လုံးကိုတော့ ပြူးထားလိုက်တယ်၊ ဒရိုင်ဘာက လမ်းဘေးဘက်မသိမသာ ဦးတည်တဲ့ အခါ ချောင်း မဆိုးချင် ဘဲ အဟမ်းအဟမ်းကျယ်ကျယ်လုပ်တယ် ဒါတောင် အိပ်နေ တဲ့ ခရီးသည်တွေက မျက်စောင်းလှမ်းထိုးသေးတယ်၊ တတ်နိုင်ဘူး၊ တစ်လမ်းလုံး အဟမ်းအဟမ်းလုပ်လိုက်၊ အအေးဗူးကို လက်နဲ့ ဖျစ်ညှစ်လိုက်ရင် အသံထွက်တော့ အအေးဗူးကို ညှစ်လိုက်၊ ချွဲကျပ် သလို နဲ့ တတွေးတွေ ချောင်းဟန့်ပြီး ထွေးလိုက်နဲ့ ကလောရောက် တဲ့အထိဘဲ၊ အင်မတန်ကို ပင်ပန်းခဲ့ရတယ် ဒီကောင်မလေး ၀တ်ထား စားထားတာက အပျံစားနဲ့ ပါးစပ်က တတွေးတပျစ်ပျစ် လုပ်၊ ချောင်းဟန့်၊ အအေးဗူးအသံမြည်အောင်ညှစ်နဲ့ တော်တော် ဆိုးတာပဲ လူမှုရေးနားမလည်ဘူးလို့ ခရီးသည်တွေကတော့ အပြစ်တင် ကြမှာ ဒါပေမယ့် ဒါရိုင်ဘာကို စိတ်ချပြီး အိပ်နေတဲ့ သူတို့အားလုံးရဲ့ အသက် ကို နည်းလမ်းပေါင်းစုံနဲ့ ကလောထိရောက်အောင် မအိပ်ပဲ တလှုပ်လှုပ်တရွရွနဲ့ စောင့်ရှောက်ပေးခဲ့ရတဲ့အဖြစ်ကို ဘယ်သူမှ မသိ ဘူးလေ၊ ဒါရိုင်ဘာတောင် မသိလိုက်ဘူး သူတစ်ကယ်ကို ကားကို အခါ များစွာ လွန့်လူးလာတာ လမ်းဘေးကို ဦးတည်လိုက်ရင် ဒီဘက် က ချောင်းဟန့်သံကြောင့် လမ်းပေါ် ပြန်တင်တာတွေ အားလုံးကို ခင်ပဲ သိခဲ့တာလေ၊ သူအိပ်ငိုက်ငိုက်သွားတိုင်း ခင့်မှာ ဘုရား စာဆိုလိုက်၊ တစ်ခုခု အသံပေးလိုက်နဲ့လေ၊ ကြောက်စိတ်ကပို နေပေမယ့် လုပ်ရ မယ့် ၀တ္တရား တစ်ခုကို ပေးဆပ်လိုက်တာပါ၊ကလောရောက်မှ ခင်စိတ်လျော့လိုက်ရတယ် ပထမယာဉ်မောင်း လူလဲမောင်းမှ ခင်အတိုး ချပြီး အိပ်လိုက်ရတယ် ပင်ပန်းခဲ့တဲ့ လမ်းတစ်လျှောက်ဟာ ရင်ထဲမှာ ကြောက်စိတ်တွေအပြည့်ပဲ၊ နောက်ဆို ကားစီးတိုင်း ယာဉ်မောင်း ကို သေချာကြည့်တယ် ၊ ဘေးက စပါယ်ယာ အိပ်တဲ့ကားဆို မစီးတော့ဘူး၊ ဘယ်လောက် ၀န်ဆောင် မှု ကောင်းကောင်း ကိုယ့်အသက်ထက် ဘယ်ဟာကမှ အရေးမကြီး ဘူး မဟုတ်လား ၊ ခုဟာက တစ်ကားလုံး လူအပြည့်နဲ့လေ လူ့အသက် များစွာဟာ ယာဉ်မောင်းပေါ်မှာ မူတည်တာ ၊ အဝေးပြေးကားတွေတိုင်း ညဘက်ကို ပဲ မောင်းချင်ကြတယ် ၊  ညဘက်မှာ ယာဉ်မောင်းရင် ဘီးစားသက်သာတာကတစ်ကြောင်း လမ်းရှင်းတာကတစ်ကြောင်း ရာသီဥတုကြောင့် တစ်ကြောင်း အေးအေးဆေးဆေးမောင်းလို့ကောင်း လို့ထင်ပါရဲ့နော် ၊ သူတို့မှာ ညဘက် အိပ်မငိုက်အောင် ကွမ်းယာတွေ လည်းဆောင်ကြပါရဲ့၊ အကူယာဉ်မောင်းလည်းပါရဲ့၊ ဒါပေမယ့် အမြဲတမ်း ညဘက်မောင်းနေသူတွေအတွက်ကတော့ ညဘက်မှာ ဘယ်လိုပဲ မငိုက်ဘူးလို့ဆိုဆို ကာလကြာတဲ့အခါမှာ ညဘက်မအိပ် တာကြာလို့ ငိုက်မှာပဲ  ဒီိတော့ ကားစီးတယ်ဆိုရင် နိုးနိုးကြားကြားစီး ဖို့ လိုမယ်၊ အရက်သောက်တဲ့ယာဉ်မောင်းဆိုရင်တော့ မစီးတာပိုကောင်း မယ်၊ ခင်ကတော့ အမြဲခရီးသွားနေတာဆိုတော့ ယာဉ်မောင်းတွေကို သတိထားနေရတာ၊ အချို့ကားဆရာတွေဆို အိပ်ပြီးမောင်းတယ်တဲ့ ကားလမ်းကြောကို နောကြေနေလို့တဲ့ ဘယ်လောက်ပဲ ကျွမ်းကျင် နှောကြနေပါစေ  ခင်ကတော့ ကြောက်တာပဲ၊ မိတ်ဆွေတွေလည်း ခရီးသွားရင် ကားပေါ် ရောက်တာနဲ့ မအိပ်ပစ်ကြ နဲ့ သေချာလေ့လာ စိတ်ချမှသာ အိပ်ကြပါ၊
ယွန်းဆုဝဿန်(23-1-2013) 

No comments: