My Blog List

Saturday, December 1, 2012

ချစ်သူသိလား


တကယ်တမ်းနော် ကိုယ်မျှော်မှန်းသည်
ချစ်သူဆီကို စိတ်ကူးရွက်လွှင့်
ပျံသန်းလည်ပတ်ချစ်ရနံ့နှင့်
လေလွင့်ပျော်မြူးလာဖူးချင်သည်။
ချစ်သူသိလား မှာစကားတွေ
အလီလီခြွေလစ် ချန်ထားရစ်တာ
သတိတရ ရင်မှာထည့်ထားပါရဲ့လား။
ရှည်ကြာမဆုံး အလွမ်းဆုံးရက်တွေ
ဒိုင်ယာရီစာရွက်မှာ စကားလုံးပြည့်လျှံ
နားမှာလျှံထွက် ရက်ရက်စက်စက်
မေ့ရက်ပြီလား အတွေးနှင့်ပင်
ရင်နာမျက်ရည်ကျရပြီ။
ချစ်သူသိလား  ရင်ထဲလွမ်းရ တမ်းတရတဲ့
အတူနေခဲ့ နေ့ရက်တွေရဲ့ မေ့မရတဲ့
တမ်းတမ်းတတ အချစ်တွေလေ။
(ယွန်းဆုဝဿန်)

No comments: