My Blog List

Monday, November 26, 2012

တန်ဆောင်တိုင်အမှတ်တရ (အပိုင်း ၂)

''ရန်ဖြစ်နေပြီ"လို့ အော်လိုက်သံကြောင့် ပရိတ်သတ်ကြီးကကြောက် ပြီး လန့်ပြေးကြ ၊ တိုးကြဝှေ့ကြနဲ့ ချက်ချင်းလိုလိုပဲ အုတ်အော်သောင်းနင်းဖြစ်သွားပြီး ဘာမှန်းမသိ၊ ညာမှန်း မသိပဲ လူတွေတိုးလိုက်ကြတာ ၊ အန်တီိခင်ခင်တို့ အဖွဲ့တွေ စရဖရှေ့က သံပန်းတံခါးနားလူအုပ်တိုးတာ ခံရပြီး ရောက်သွားတယ် ၊ အဆက်မပြတ်တိုးသံ ၊ ရန်ဖြစ် သံ၊ 

သူငယ်ချင်းတွေလာလည်လို့ သွားလည်ဖြစ်ပါတယ်၊ အဲ့ဒီနေ့က အပြန်လမ်းမှာ လေ ကားလမ်းက ကျဉ်းကျဉ်း ဘေးနှစ်ဘက်က ဆိုင်ခန်းတွေကအပြည့်ဆိုတော့ မီးပုံးပျံလွှတ်မယ့် ယာဉ်တန်းတွေလာ ရင် အားလုံးက ဘေးကို ရှဲပေးကြရတယ်လေ၊ အဲဒီမှာ သူတို့ ပြိုင်ပွဲအသင်းတွေက မီးပုံးပျံတွေကို ကားပေါ် မှာ သယ်လာတယ်၊ ယမ်းတွေ မီးရှုးမီးပန်းတွေပါတော့ အန္တရာယ်ရှိလို့ ဂရုစိုက်ကြရတယ်၊ ပြိုင်ပွဲဝင် အသင်း တွေက ကားဘေးကနေ လက်တွေတွဲပြီး ပရိတ်သတ်တွေကို ကာကွယ်ရတာပေါ့၊ ဆေးလိပ် မီးလေး တောင်လွင့်လာလို့မရဘူး ပေါက်ကွဲအားပြင်းတဲ့အတွက် ပါ၊ သီချင်းသံတွေ ၊ အိုးစည်ဗုံဗောင်း သံတွေနဲ့ ကြွေးကြော်သံတွေနဲ့ တက်ကြွစွာ ပြိုင်ပွဲကွင်းထဲ ၀င်ဖို့ ဖြည်းဖြည်းချင်း လူအုပ်ထဲကို တိုးဝင် လာတာလေ၊ အဲဒီမှာ ကိုသတ္တိခဲကြီးတစ်ယောက်က လမ်းဘေး အကြော်ဆိုင်ထဲကနေ ပြိုင်ပွဲဝင်အဖွဲ့ ကို ရေနွေးကြမ်းနဲ့လှမ်းပက်သတဲ့လေ၊ အန်တီခင်တို့အနားမှာ ဖြစ်သွားတာ ၊ အဖြစ်အပျက်ကမြန်တော့ မီးပုံးပျံပြိုင်ပွဲအဖွဲ့က လက်သွက်စွာနဲ့ အဲဒီလူကို ၀ိုင်းသမကြတာ နှာခေါင်းတွေ မျက်နှာတွေ သွေးအလူး လူးပဲ၊ ရုတ်ချည်းဖြစ်တာဆိုတော့ ''ရန်ဖြစ်နေပြီ"လို့ အော်လိုက်သံကြောင့် ပရိတ်သတ်ကြီးကကြောက် ပြီး လန့်ပြေးကြ ၊ တိုးကြဝှေ့ကြနဲ့ ချက်ချင်းလိုလိုပဲ အုတ်အော်သောင်းနင်းဖြစ်သွားပြီး ဘာမှန်းမသိ၊ ညာမှန်း မသိပဲ လူတွေတိုးလိုက်ကြတာ ၊ အန်တီိခင်ခင်တို့ အဖွဲ့တွေ စရဖရှေ့က သံပန်းတံခါးနားလူအုပ်တိုးတာ ခံရပြီး ရောက်သွားတယ် ၊ အဆက်မပြတ်တိုးသံ ၊ ရန်ဖြစ် သံ၊ ထိုးကြကြိတ်ကြနဲ့ဆိုတော့ ပေတရာလမ်း ကျဉ်းကျဉ်းမှာ လူတွေ ညှပ်ပိကြတယ်၊ ဒီကြားထဲ ဘာမဆိုင်ညာမဆိုင် ၀ါးလုံးတွေနဲ့ရိုက်ကြတဲ့သူက ရှိတော့ အန်တီခင့် အဒေါ် အန်တီလေးတော့ လက်မှာ တစ်ချက်ထိသွားတယ်၊ ဒါနဲ့ အုပ်စုမကွဲအောင် တွန်းထိုးရင် အန်တီခင့် ညာဘက် လက်မောင်းရင်းက စရဖရဲ့ သံပန်းမှာ သွားတိုးမိနေတယ် နောက်က လူတွေကတိုး၊ ကိုယ့်မှာပါတဲ့ ကလေးတွေထိမှားစိုးလို့ ကာပေးရင်းနဲ့ လက်မောင်းက သံတိုင်တွေကြားမှာ ဖိတိုးခံရတယ်၊ လူပိပြီး မသေအောင်တော့ ရုန်းကြတာပဲ ၊ ဒါပေမယ့် လူလှိုင်းကြီးထဲမှာ အရိုးကျိုးမတတ် ပါပဲ၊ တော်တော်ကိုကြောက်သွားတာ၊ စရဖက ဂိတ်တာဝန်ကျတွေကလည်း သူတို့ ၀င်းထဲကို လူအုပ် ရောက် လာမှာစိုးလို့ တံခါးသော့ခတ်ထားတာကို မဖွင့်ပေးဘူး၊ ဒါနဲ့ တောင်းပန်တာလည်းမရတော့ အန်တီခင် မိုက်ကြေးခွဲရတာပဲ၊ လုံးဝ အသက်အန္တရာယ်နီးပါး ခံစားနေရပြီလေ ရန်ပွဲကလည်း တစ်ယောက် နဲ့အများဖြစ်နေတာမှန်ပေမယ့် လူအုပ်ကြီးကဘာမှန်းညာမှန်းမသိ ထွက်ပြေးရင်း လူတွေ ထပ်ပုံတိုးဝှေ့နေ တော့ လူပိလို့သေတော့မှာလေ၊ ဂိတ်တာဝန်ကျက တောင်းပန်တာကို လုံးဝမဖွင့်ပေးဘူး၊ သူ့ခမြာလည်း ဖွင့်ပေးလိုက်ရင် လုံခြုံရေးအရ စည်းပေါက်မှာစိုးလို့ထင်ပါတယ်၊ ဖွင့်မပေးရဲတာပါတယ်၊ အန်တီခင်က သူ့ကို လှမ်းခေါ်ပြီး အော်လိုက်တယ် ''ငါတို့မှာပါတဲ့ ကလေးတွေ ညပ်သေတော့မယ် နင်ဖွင့် မှာလားမဖွင့်ဘူးလား၊ ဒီမှာ လက်တွေကျိုးတော့မယ် ၊ ငါတို့ ခဏပဲ နေမှာ လူရှင်းတာနဲ့ ပြန်ထွက် မှာ တောင်းပန်ပါတယ် ဖွင့်ပေးဆိုတော့''မဖွင့်ပေးဘူး ၊ ကဲ ကြံရာမရလို့ ''ဟေ့ နင်ဖွင့်မလားမဖွင့်ဘူးလား နင့်တပ်မှူးကို ငါတိုင်မယ်၊ ငါလဲ အရာရှိဘဲ နင်ဘာလုပ်မလဲ ပြော နင့်ထက်ကြီးတဲ့သူသွားခေါ်''ဆိုမှ မျက်လုံး လေး ၀ိုင်းသွားပြီး တပ်ကြပ်ကြီး တစ်ယောက်ကိုသွားခေါ်တယ်၊ တပ်ကြပ်ကြီးရောက်လာတော့ ချက်ခြင်းပဲ သော့ဖွင့်ပေးတော့ အန်တီခင်တို့ အဖွဲ့လုံခြုံစွာဝင်းထဲမှာ ရောက်သွားတယ်၊ လက်တွေက နာလိုက် တာ အရိုးကျိုးသွားတယ်တောင်ထင်တာ၊ တောင်းပန်ရှာပါတယ် ၊ ''အစ်မမှန်းမသိလို့ပါ ဆောရီး'' တဲ့ ၊ အန်တီခင်က စိတ်မဆိုးပါဘူး သူတို့လည်း သူတို့လုံခြုံရေးအရဆောင်ရွက်တာပဲ၊ ကြောက်မှာပဲလေ၊ လူအုပ်က ကြောက်စရာကောင်းတာကိုး၊ အဲဒီနေ့က ကြောက်ကြောက်နဲ့ အဲဒီမှာ နားပြီး လူရှဲသွားတော့ အိမ်တန်းပြန်ခဲ့တယ်၊ နောက်ဆို လူအုပ်ထဲ မသွားဖို့ကို စဉ်းစားမိတယ်၊ ကြောက်သွားတာလေ၊ ဒါပေမယ့် မသွားမဖြစ်တဲ့အကြောင်းတွေရှိလာရင်တော့ သွားခဲ့ရတာပါပဲ။ ထပ်ရေးမယ်နော် -------

No comments: