My Blog List

Monday, November 4, 2013

မကြာမီလာမည်နော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲနှင့် ကထိန်ပွဲ

တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်မှာ နွဲပျော်ချင်ဘူးလား 
မကြာခင်မှာ 
2013ခုနှစ် နိုဝင်ဘာလ(10)ရက်နေ့ကနေ (17)ရက်(လပြည့်နေ့အထိ)ကျင်းပမယ့် တန်ဆောင်တိုင်ပွဲကို လာရင် 
အနွေးထည်မပါဘဲ မလာနဲ့နော်
မေးခိုက်ခိုက်တုန်လို့ အဘားအဘားအော်သွားရမယ်နော်
ခုတောင် အေးနေပြီနော်

အလှဆီလေးလည်း ဆောင်ထားကြ နှုတ်ခမ်းတွေကွဲတာ အသားပတ်တာတွေနဲ့ ကြုံမယ်လေ
လေစိမ်းတွေက ကြည်စားမှာ
ပွဲဆိုတော့ ပိုက်ဆံပါတိုင်း အိတ်ကပ်ထဲမထည့်လာနဲ့ ပွဲက လူတိုးတယ် လူများတယ် တောင်ကြီးက မဟုတ်ပဲ ဒီအချိန်ကို တောင်ကြီးတက်ပြီး အလစ်သုတ်တဲ့သူလည်း ရှိတာပေါ့နော်
ပွဲထဲမှာ လူများများရှိတဲ့နေရာမတိုးနဲ့နော် ပျော်တယ်ဆိုပြီး အတင်းမတိုးနဲ့ ဘယ်ကလာပြီး ဘယ်လို အကျင့်မကောင်းတဲ့ ဘယ်လို မိမဆုံးမဖမဆုံးမတွေမှန်းမသိဘဲ လက်ကမြင်းသွားတတ်တယ် နော် နောက်မှ ရှက်တယ်ရှက်တယ်မပြောနဲ့ ပါးရိုက်လည်းမီမှာမဟုတ်ဘူး တောင်ကြီးကို နာမယ်လာဖျက်မယ့် သူတွေက ပွဲတွင်းဆို ရောက်လာပြီး လူကြပ်တာကို အခွင့်ကောင်းယူတဲ့အကောင်စုတ်တွေ ရှိတယ်နော် နှစ်တိုင်း လက်စော့နေကြ၊ ကလေးမတွေသတိထားကြ
တောင်ကြီျးြမို့သူ/သားတွေ အဆင့်ရှိရှိနေပေမယ့် ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ အဲဒီကောင် တွေကို တော့ တွေ့ရင်ဖမ်းပြီး ရဲလက်သာပွင့်ပွင့်လင်းလင်းပြောအပ်လိုက်နော်
တကယ်လို့များ ဟိုတယ်တို့ တည်းခိုခန်းတို့မရရင် ဘယ်မှာမှ ရှာမနေနဲ့ ကားပါလို့ကတော့ ကားရပ်ပြီး ကြည့်ရင်းမိုးလင်းသွားတာပဲ ပြီးရော၊ တည်းခိုခန်းခတောင်မကုန်ဘူး၊ မနက်ကြရင်တော့ မျက်နှာသစ်ဖို့ မှုန့်စားတဲ့ဆိုင်မှာ ရေတောင်းသစ်လိုက် ကားဘေးသစ်လည်း ရတယ်လေ (သဘောပြောတာပါ နှစ်တိုင်း အဝေးကလာသမားတွေ နေရာမရလို့ ကွင်းထဲမှာပဲ မိုးလင်းအောင်ကြည့်ပြီး ပွဲပြီးတော့ ကိုယ့်ကားပေါ်ကိုယ်အိပ်လိုက်တာလို့ ကြားလို့)အကြံပေးတာပါ
နေ့လည်ဘက်မှာ ပင်းတယ အင်းလေး ထန်စန်းဂူ ကက္ကူဘုရားတွေသွားလည်ပေါ့ ပြီးမှ တောင်ကြီးညပွဲကြည့်ပေါ့(နေ့ပွဲက အရုပ်တွေလွှတ်တာပါ ကြည့်ချင်လည်း ကြည့်ပေါ့)
++++++++++++
အင်း ရေးချင်တာများတယ်လေ နောက်မှ ဆက်ရေးမယ်လေ
ငွေအလွယ်မယူဆောင်ခဲ့ချင်ရင် တောင်ကြီးမင်းလမ်းပေါ်က ကမ္ဘောဇဘဏ်(1)ရှေ့နဲ့ စူဠာမုနိဘုရားရင်ပြင်မှာ ATMစက်တွေရှိတယ်လေ၊ နေ့တိုင်း ထုတ်လို့ရတယ်လေ၊ ဘာမှမပူနဲ့ပေါ့၊
+++++++
အင်း ခင့်ဆီကိုတော့ ခေါ်မလည်တော့ဘူးနော် ခင်က ခုထိ မြေပဲစိုက်ထားတာ တူးဖော်နေတုန်းနော် ငွေမရှိ လို့ အိမ်မဆောက်နိုင်သေးတာ ခွင့်လွှတ်ပါ ဒီကြားထဲ ထီပေါက်ရင်တော့ အလကားကို ပေးတည်းချင်သူပါ ခုထိ ရည်ရွယ်ချက်လေးမပြည့်သေးလို့ပါ နို့မို ခြံထဲမှာ ခေါ်တည်းပါတယ် အဆောက်အဦ မဆောက်ရသေး တော့ လေအရမ်းတိုက်တာနဲ့ ဖျားကုန်မှာ စိုးလို့နော် တစ်နေ့နေ့တော့ ခေါ်တည်းဖို့ ရည်မှန်းထားပါတယ်နော် ဆုတောင်းပေးပါ
ကက္ကူဘုရားစေတီတော် အရှေ့က ရေကန်ကလေးမှာ ဘောင်ပေါ် ကင်မရာတင်ပြီး ထိုင်ရိုက်လိုက်ရင် ဒီလို ရေထဲမှာ ဘုရားလေး တွေနဲ့ လှပတဲ့ပုံလေးရမယ်နော်

ခင် သိန်းထိဆုကြီး လူတကာ ခေါ်တည်းဖို့ အဆောက်အဦဆောက်လောက်အောင် ၀၀ ပေါက်ပါစေလို့
(တကယ် အတည်ကြီးပြောတာနော်)စတာဟုတ်ဘူး.............(4-11-2013)(22း00အချိန်)

No comments: