My Blog List

Saturday, December 1, 2012

ညောင်ရွှေပွဲကို လည်လည်သွားစို့

(ဒီနှစ်တော့ ပွဲပြီးသွားပြီ  နောက်နှစ်လာလည်ဖို့ပေါ့)

မကြာခင်မှာ ညောင်ရွှေဘုရားပွဲစတော့မယ်-----------ဖောင်တော်ဦးဘုရား(5)ဆူ ဒေသစာရီကြွချီတော်မူအပူဇော်ခံတဲ့ပွဲ၊ အင်းလေးဒေသရဲ့အစည်ကားဆုံး ပွဲပါ၊ အင်းလေးဒေသတွင်းက ရွာစဉ်တစ်လျှောက်မှာ တစ်ရွာတစ်ညကြိမ်းစက်ပြီး သီတင်းကျွတ်လပြည့်မတိုင်ခင် သုံးရက်မှာတော့ ညောင်ရွှေမြို့လယ်ဘုရားမှာ ဒေသစာရီကြွချီရပ်နားပါတယ်၊အဲဒီအခါမှာ ညောင်ရွှေမြို့ မှာ
ပွဲတော်ကြီးခမ်းခမ်းနားနားပေါ့၊၁၂ပွဲဈေးသည်တွေနဲ့ဈေးဆိုင်ခန်းတွေ၊ အင်းရိုးရာအထည်ဆိုင်၊ ပန်းပဲဆိုင်၊ ပရိဘောဂဆိုင်တွေနဲ့ အင်းဝက်သားချဉ်၊ ငါးထမင်းချဉ်၊ ဟင်းထုတ်၊ ထမင်း ဆိုင်တွေအများကြီးပေါ့၊ အဲဒီဘု၇ားပွဲမှာ လူတွေက အရမ်းစည်တာ၊ လမ်းတစ်လျှောက်လုံး တိုးနေရတယ်ပေါ့၊ ဒါတောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ပိုစည်တယ်၊ ခင်တို့ကတော့ ငယ်ငယ်ကတည်းက နှစ်တိုင်းရောက်ဖြစ်တယ်၊ မနှစ်ကတော့ မအားတာကြောင့်မရောက်ဘူးလေ၊ မနက်စောစောလည်ရတာကိုပိုကြိုက်တယ်၊ လူရှင်းတယ်၊ ဆောင်းအ၀င်လေနုအေးက ပိုအေးတယ်လေ၊ ဘုရားပေါ်မှာ မနက်လေးနာရီလောက်ဆို ဆွမ်းတင်ကြတယ်လေ၊ ညောင်ရွှေ၊ ရွှေညောင်၊ တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ ရပ်စောက်က လူတွေ အားလုံးက  ကားတွေ၊ ဆိုင်ကယ်တွေနဲ့လာကြတယ်လေ၊ အန်တီခင်လည်း ဆိုင်ကယ်နဲ့သွားတာပေါ့၊ ကားမှမရှိတာ၊ ဆိုင်ကယ်နဲ့က သိပ်မမောင်းရဘူးလေ တစ်နာရီကျော်ကျော်ပေါ့၊  တောင်ကြီးကနေသွားတာပါ၊ လမ်းတစ်လျှောက်မှာ ငါးကန်(ငါးကင်ရောင်းတဲ့ဆိုင်တွေ)ရှိတယ် ၊အဲဒီထဲကမှ မစ္စတာ ဒေးဗစ်ဆိုင်က ဖေးဘရိတ်ပေါ့၊ အဲဒီဆိုင်မှာ ငါးကို အမျိုးစုံရတယ်၊ တုံချန်ဟင်း၊ ငါးကြော်၊ငါးကြွပ်ကြွပ်ကြော်၊ ငါးဒုက္ခကြော်၊ ငါးစိမ်းသုပ်၊ အင်းရေးရင်းသွားရည်ကျချင်လာပြီ၊ အဲ့ဒီဆိုင်ကိုဝင်ပြီး ငါးမျိုးစုံဟင်းနဲ့ထမင်းစားရတာကို သိပ် ကြိုက်တာ၊ အဲဒီမှာဝင်စားပြီး ညောင်ရွှေကို ဆိုင်ကယ်နဲ့ဆက်သွားတယ်၊ ပြီးရင် ညဘက်ကို ပွဲဈေးလည်တယ်၊ ပွဲဈေးမှာက ထမင်းကို အချိန်နဲ့ရောင်းတာ (အချင်နဲ့အတွယ်နဲ့)၊ ထမင်း အစိတ်သား၊ ငါးဆယ်သားပေါ့၊ မှာပြီးရင် ၀က်သားဟင်းနဲ့၊ ထမင်းချဉ်သုပ်နဲ့ ဆေးခါးဟင်းရည်နဲ့လေ၊ အရမ်းလိုက်ဖက်တယ်၊ စားကောင်းတယ် ၊ ခင်ကတော့ ထပ်စားတာပဲ၊ ပြီးရင် ကောက်ညှင်းကျည်တောက်တွေ၊ ဘီးမှုန့်ကြော်တွေ၊ ၀ယ်သေးတယ်လေ၊ ဘုရားကို တက်ဖူးတဲ့အခါမှာလည်း ရွှေဆိုင်းတွေဝယ်ကပ်တာပေါ့၊ ဆုတွေတောင်းတာပေါ့၊ မရနိုင်တဲ့ဆု တွေကို ဘု၇ားကို နားညည်းအောင်လုပ်တယ်၊ အပြန်ကြ၇င်တော့ ကားတွေ ဆိုင်ကယ်တွေရှုပ်တော့ မပြန်တော့ဘဲ ညောင်ေ၇ွှက မိတ်ဆွေတွေအိမ်မှာပဲအိပ်တယ်၊ မနက်လင်း ရင် ဘု၇ားကို မနက်(၄)နာ၇ီကျော်ကျော် ဆွမ်းသွားကပ်တာပေါ့၊ ဘုရားရင်ပြင်မှာ အင်းလေးဒေသရွာတွေကလာတဲ့သူတွေ၊ညောင်ရွှေရပ်ကွက်ပေါင်းစုံကလူတွေက မိသားစုလိုက် ဆွမ်းပွဲလာပြင်ကြတယ်၊ အိမ်ကနေ တခမ်းတနားပြင်လာသူတွေ၊ ဘုရားပေါ်ရောက်မှ ပြင်ဆင်သူတွေအများကြီးပဲ၊ ပျော်စရာပေါ့၊ ဆွမ်းဖြူဖြူလေးတွေ၊ မှုန့်ကျွတ်ကြော် ရောင်စုံ ထိုးထိုးထောင်ထောင်လေးတွေ ၊ သစ်သီးမျိုးစုံတွေ၊ ပေါက်ပေါက်ဆုပ်တွေ နဲ့ အကျအနပြင်ဆင်လာတဲ့ဆွမ်းပွဲလေးတွေကို တချို့က ခေါင်းပေါ်ရွက်လာကြတယ်၊ တချို့က ဆွမ်းအုပ်လေးတွေပွေ့ပိုက်လာတယ်၊ တချို့က တောင်းတွေ၊ ခြင်းတွေနဲ့ထည့်လာပြီး ဘုရားပေါ်ရောက်မှ ပြင်ဆင်ကြတယ်၊ အားလုံးက တစ်နှစ်တစ်ခါ ပွဲမို့ ဘာသာရေးအရအရမ်းကို ကုသိုလ်ယူကြတာပါ၊ ရွှေဆိုင်း ရောင်းတဲ့သူတွေကလည်း ဘုရားပေါ်တက်တာနဲ့ သူတို့ရွှေဆိုင်းကို အလုအယက်ကိုရောင်းကြတာပဲ၊ အားနာနာနဲ့ဝယ်ရင်တော့ ပါသမျှပိုက်ဆံကုန်မှာပဲ၊ ညောင်ရွှေသူအားလုံးက ခင်မင်ရင်းနှီးသူတွေကို ရွှေဆိုင်းတွေ ရောင်းကြပါတယ်၊ ၀ယ်ရတာပေါ့၊ သူ့အားပေးပြီး သူ့အားမပေးရင် စိတ်ဆိုးမှာပေါ့၊ မိတ်ဆွေများရင်တော့ သူ့နားကနည်းနည်း၊ သူ့နားကနည်းနည်းစီဝယ်ပေးရတယ်၊ အင်းလေးဖောင်တော်ဦးဘု၇ား ငါးဆူစလုံး ဒေသစာရီမကြွချီပါဘူး၊ လေးဆူကကြွချီပြီး တစ်ဆူက ကျောင်းတော်မှာ ကျန်ခဲ့တာပါ၊ သူ့အစား တစ်ဆူကိုအစားထိုးပြီး ကြွချီရတာပါ၊ အင်းလေးဖောင်တော်ဦးဘုရားကို ညောင်ရွှေမှာ သုံးရက်လုံးလုံး နေ့ရောညပါ ဖူးလို့ရပါတယ်၊ သီတင်းကျွတ်မှာ ညောင်ရွှေဘုရားဖူးထွက်သူတွေအတွက် ညောင်ရွှေဘုရားပွဲက အင်မတန်စည်ကားလှပါကြောင်းနဲ့ လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်၊ ပွဲထဲမှာ ခင့်ကို တွေ့ရင်နှုတ်ဆက်ပေါ့ ခင်က မှုန့်ဝယ်ကျွေးမယ်လေ။ရန်ကုန်တို့မန္တလေးတို့ကလာရင်  ရွှေညောင်ဈေးထိပ်၊ ညောင်ရွှေလမ်းခွဲမှာ ဆင်း၊ အဲဒီကနေ ဆိုင်ကယ်တက်စီနဲ့(၇)မိုင် ဝေးတဲ့ ညောင်ရွှေကိုသွားရင်ရောက်တယ်၊ ညောင်ရွှေဆိုတာ အင်းလေးသွားတဲ့ စက်လှေဆိပ်ရှိတဲ့နေရာလေ၊ ပြီးရင် ညောင်ရွှေတောင်ကြီးကားကို စီး၊ အဲဒါ ဆို တောင်ကြီးမြို့ပေါ်ရောက်တယ်လေ။ ကားမရှိတော့ရင် ဆိုင်ကယ်တက်စီနဲ့ ရွှေညောင်ကိုပြန်၊ ရွှေညောင်ဈေးထိပ်ရောက်ရင် ဟဲဟိုးဘက်ကလာတဲ့ကားတွေကို တားစီး၊ ဒါမှ မဟုတ် ရွှေညောင်-တောင်ကြီးလိုင်းကားဂိတ်ထိသွားပြီး တောင်ကြီးကားကိုစီး၊ (လမ်းညွှန်တာပါ)

No comments: