ချယ်ရီပန်းခြောက်တွေ
စာအုပ်ထဲမှာယူပြီးမွှေးတော့
ချစ်သူ့အကြောင်းသတိရတယ်။
စိန်ပန်းပြာတွေဇွေးဖွေးလှုပ်တဲ့
မြက်ခင်းစိမ်းလေးနဘေးက
ခုံတန်းလျားလေးသိတဲ့အကြောင်းက
အဲဒီနေ့က ချစ်သူ့ပြောတဲ့
သံယောဇဉ်ရနံ့သင်းတဲ့ချစ်ခြင်းဖွဲ့ကဗျာကို
ခုတော့ သူကမေးနေပြီ။
သင်္ကြန်ရက်တွေမှာတူတူလည်ရင်း
ရေစိုချမ်းတုန်နေတဲ့သူကို
ဂျင်းအကျီင်္လေးကာမိုးပေးကာ
ဘေးနားရှိခဲ့ဖူးသူလေး။
ခုတော့သူက လူပျောက်ကြော်ငြာ
ကြေညာမောင်းထုရှာရဦးမယ်
သူလေ ဘယ်ရောက်နေသလဲ။
တိတ်တခိုးအချစ်တွေဖွင့်ဟပြောဖို့
ချစ်သူရှိရာသူလာခဲ့စဉ်
ဝေးကွာခရီးမိုင်ပေါင်းများစွာ
သူ့ရင်ထဲမှာ သက်ပြင်းမောသာ
တိတ်တခိုးချ ပြန်ခဲ့ရသူ။
တနေ့တွေ့နိုး တနေ့ဆုံနိုး
ရာသီအလီလီ စက်ဝန်းလည်ပတ်
အချိန်ရထား ချန်ထားရစ်ခဲ့
ဘယ်ဘူတာမှာ တစ်ခါဆုံမယ်
မျှော်လင့်ရင်ခုန် စောင့်စားခဲ့သည့်
ဆယ်စုနှစ်များရဲ့သခင် ချစ်သခင်ရယ်။
တွေ့မယ့်တွေ့တော့ အပြုံးတွေရင့်ကျက်
ဘ၀တွေ အဆစ်ချိုး ဒဏ်ရာဒဏ်ချက်တွေနဲ့
အသက်ရှုမ၀တဲ့အချိန်၊ လေပြေလေညှင်းလေးတွေနဲ့အတူ
မသင်းပျံ့နိုင်ပေမယ့် လွမ်းဆွတ်လျှက်ရှိတဲ့
အချစ်စိတ်လေးတွေနဲ့ တစိမ့်စိမ့်ကြည့်ရင်း
အပြုံးယဲ့ယဲ့သာ ပြုံးနိုင်တဲ့
လောကရဲ့ ဒဏ်ရာဒဏ်ချက်တွေ
မြှားချက်ရင်ဝ စိုက်ထိချိန်မှတဲ့။
(ယွန်းဆုဝဿန်)
No comments:
Post a Comment