My Blog List

Monday, May 21, 2012

သတိရတိုင်း မပွင့်တော့သောပန်း

တောင်ကြီးမှာနှင်းတွေကျတာ
အရင်တစ်ခါအတူသွားဖူးတဲ့
စိန်ပန်းပြာကြွေမြက်ခင်းမြေမှာ
စိုးရယ် ဆိုးရယ် ကိုယ်ရယ်သာ
နှုတ်ဆက်ထွက်ခွာသူ့နောက်ကျောမှာ
သတိရတိုင်းသာပန်းတွေပွင့်မယ်ဆိုရင်
တစ်ကမ္ဘာလုံးကို ပန်းတွေဖုံးပစ်မယ်တဲ့
တစ်ညလုံးအိပ်မရအောင်
လွမ်းခဲ့ဟန်သူပြောတော့
ရင်မှာကြည်နူးမဆုံးလိုက်ခင်
ခြင်တွေကိုက်လို့တဲ့
တစ်ခါပြန်ဆုံတော့
မှဲ့နက်ကြီးကြီးနဲ့သူ့မဒီက
မျက်လုံးကြီးဝင့်လို့
တို့ကတော့ လှည့်တောင်မကြည့်ခဲ့ဘူး
နင့်ကို မလွမ်းလောက်လို့ပေါ့
ဒါပေမယ့် ရန်ဖြစ်ကြတယ်တဲ့
ဘာကြောင့် ခုမှ နုချင်ရတာလဲ
အားလုံး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်မှာ နှစ်ဆယ်ကျော်ဘ၀က
အမှတ်တရတွေကို
အသစ်ပြန်ကောက်လို့
စိတ်ကောက်နေကြတဲ့
မကြီးမငယ်ဒီအသက်မှာလဲ
ငါက မနာလိုဖြစ်စရာ
ကလေးလေးမှမဟုတ်တာဟာ
နင်ရယ်ငါရယ်အတူတူကြီးပြင်းလာတဲ့
အသက်ကိုထောက်မိရင်
မငယ်တော့တဲ့ နှစ်ဆယ်နှစ်ပြန်အသက်မှာ
ရယ်စရာကလေးကလား
ငယ်ဘ၀ကို စိတ်ကောက်ချင်တဲ့မဒီအတွက်
လက်ဆောင်မပေးခဲ့ပါနဲ့

ရှမ်းပြည်နယ်၊ အင်းလေးအလှ ဓါတ်ပုံလေးများ

ရင်ထဲမှာ မသာတဲ့လမင်းသို့

အင်းလေးမှာ သာတဲ့လ
သည်ညမှာ ပိုသာမယ့် မေ(5)ရဲ့လ
စောင့်ကြည့်ကွယ် သိမယ်
ထမင်းဆီဆမ်းရွှေလင်ပန်းမှာ
အကြင်နာအနမ်းတွေအပြည့်နဲ့
မင်းရှိတဲ့အရပ်ထံ
ကိုယ်ပြန်ပို့ချင်တဲ့အနမ်းတွေ
လမင်းဆီမှာတောင်းယူလှဲ့။
ပို့လိုက်တယ်အရာရာမှာ
သတိယခြင်းတွေသာ
လွမ်းတခြင်းတွေသာ
ငါ့မှာ------------။
ရေပြင်ပြာထက်လရိပ်အောက်မှာ
နင်တစ်ယောက်တည်း
ငိုနေသံ
ဆိုနေတဲ့သီချင်းအဆုံးမှာ
မျက်ရည်တွေကန်ထဲကျ
ငါလည်း လွမ်းတသသ။
လွမ်းနေမြဲ
လမင်းရယ် ကြည်စင်သန့်စွာ
နေရာတိုင်းမှာ သာပေးပါ
အကြင်နာစကားလေးတွေ
နှုတ်ဆိတ်ခဲ့တဲ့ရက်တွေဟာ
ရေတွက်မရတဲ့ ရေစက်တွေလို
ခုတော့ မသာနိုင်တဲ့လရိပ်အောက်မှာ
တစ်ယောက်တည်းပဲလေ