My Blog List

Saturday, December 1, 2012

သူရဲမကြောက်ဘူးလို့ ခင်ခင် မပြောရဲတော့ပါရှင်



သရဲခြောက်ခံရဘူးလား
ခင်ခင်တို့ငယ်ငယ်က စာယောင်ယောင်ပေယောင်ယောင်သမားဆိုတော့လေ  သရဲဆိုတာကို မယုံဘူး၊ ဒါပေမယ့် ညညဆို လသာသာမှာ သူများတွေပြောတဲ့ သူရဲအကြောင်းကိုတော့ အားရပါးရနားထောင်မိတယ်၊ မကြောက်ဖူးဘူးလေ၊ ရုပ်နဲ့နာမ်မှာ ရုပ်ဝါဒီသဘောကိုပဲလက်ခံ မိတယ် ၊ ရှင်းရှင်းပြောရင်တော့ လူငယ်ပီပီ မယုံဘူးပေါ့ ၊ ခေတ်မီမီတွေးတယ်၊ ယုံဘူးကွယ်ပေါ့၊

သူများတွေ ခြောက်ခံ၇တယ်၊ သူရဲနဲ့နပန်းလုံးတယ်ဆိုရင်တော့ ရယ်တောင်ရယ်မိတယ်လေ၊ သူငယ်ချင်းတွေကိုတောင် ဆရာလုပ်ပါသေးတယ် ``သရဲဆိုတာမရှိဘူး´´လို့လေ။
တစ်နေ့တော့ ခင့်ကို အမြင်ကတ်တဲ့သူရဲက ပညာပေးပါရော၊ ခင်က လူစွာလုပ်ပြီး သူငယ်ချင်းတွေကို သူရဲဆိုတာမရှိပါဘူး၊ လူကိုသာကြောက်ကြ၊ သူရဲကိုမကြောက်နဲ့လို့ ပြောဖန်များတော့၊ သူရဲအင်တာနက်သတင်းပြန့်သွားတယ်ထင်ပါရဲ့၊ ခင်ခင် တို့ မျက်ရည်နဲ့ မျက်ခွက်ပဲ၊ သူငယ်ချင်းက ပဌာန်းတွေရွတ်၊ ပရိတ်တွေရွတ်ပြီး ခင့်ခေါင်းကိုပွတ်သပ်ပေးနေချိန်မှာ ---
ခင်ခင်ဆိုတဲ့ သူရဲမရှိဘူး လို့ ဟစ်ကြွေးခဲ့သူဟာ   ငိုကြွေးနေရရှာပါပကော။ ဈေးပေါပေါနဲ့ငှားလို့ရတာကို တော်တော်သဘောကောင်းတဲ့ လူကြီး လို့ ထင်ထားတာ ၊ အဆောင်ခဈေးပေါတော့ သူငယ်ချင်းနှစ်ယောက် တစ်လ 75ကျပ်နဲ့နေကြတာ၊ တက္ကသိုလ်တက်တုန်းကလေ၊အဆောင်စနေ တဲ့နေ့လေးမှာ အဆောင်ပိုင်ရှင် အသက်(၇၀)လူပျိုကြီးက ခင်တို့ကို ထမင်းကျွေးတဲ့အပြင် ညရောက်တော့ စတော်ဘယ်ရီဖျော်ရည်ခွက်လေးတောင်လာပေးသေးတယ်၊ ခင်တို့ ဘယ်လောက်များ လူကြီးကို မလေးစားလဲဆိုရင်လေ ``နင့်ကို ကြိုက်လို့လာပေးတာ´´ဘာညာနဲ့ ဘိုးတော်ကွယ်ရာမှာ စနောက်နေကြတာပေါ့၊ ညဘက်မှာ ပင်ပန်းလွန်းလို့ တစ်ရေးပဲ၊ နိုးကို မနိုးဘူး အိပ်လိုက်တာ ၊ မနက်လင်းတော့ သူငယ်ချင်း အေးအေးက ခင့ိကိုမေးတယ်လေ``ညက နင် အောက်ဆင်းတာငါ့ကို မနှိုးဘူး တော်တော်သတ္တိကောင်းတဲ့ ခင်၊ ငါလဲ နင်မနှိုးတော့ အိပ်ချင်ယောင်ဆောင်နေတာ´´ပေါ့တဲ့၊ ခင်က လည်း ``ဟင်း ငါအောက်ဆင်း ဖို့နေနေသာ တစ်နေလုံး အဆောင်ကြမ်းတွေရေပတ်တိုက်ထားလို့ ကိုက်ခဲနေတာနဲ့ အိပ်လိုက်တာ ခုမှ နိုးတာဟ´´လို့၊ အဲဒီလိုပြောတော့ အေးအေးမျက်နှာလေး ဆီးရွက်လောက်ပဲ ရှိတော့တယ်၊ မယုံသင်္ကာနဲက ``တကယ်ဆင်းဘူးလား´´တဲ့၊ မေးသေးတယ် ၊ ခင်မှ အောက်မဆင်းတဲ့ဟာ၊ ခေါင်းခါမိတာပေါ့ ၊ အေးအေးက ``ညက နင့်ခြင်ထောင်ဘက်ကနေ လမ်းလျှောက်ပြီး တံခါးဘက်သွားတယ်၊ ပြီးတော့ အောက်ဆင်းသွားသံကြားတယ်တဲ့ နင်မဟုတ်ရင် သူရဲခြောက် တာဖြစ်မယ်တဲ့´´၊
စောစောက ခင်ပြောသလိုပေါ့၊ ခင်က လူ့ဂွစာလေ၊ သရဲမှမယုံတာ ``နင်ကလည်း အိမ်က အခန်းတံခါးတွေအားလုံးပိတ်ထားတာပဲ ဖြစ်နိုင် ပါဘူး သရဲဆို ဘယ်လိုဝင်မှာလဲဟ လူဖြစ်ရင်သာ တစ်ခုခုလုပ်သွားမှာပေါ့ နင်ကြည့်လေ တံခါးတွေအားလုံးပိတ်ထားတာ  ၊ နင်က တော်တော် အကြောက်ကြီးတာပဲ နင့်ဘာသာ အိပ်မက်မက်တာနေမှာပေါ့´´လို့ ပြန်ခံပြောတော့၊ အေးအေးကလည်း အခန်းတံခါးတွေ ကြည့်ပြီး အားလုံးက ဂလန့်ထိုးထားတာကြောင့် သူမျက်နှာကပျက်ကိုပျက်နေတာ၊ ကျောင်းသွားတော့လည်း တွေ့သမျှ သူငယ်ချင်းကို သူကပြောနေတာပဲ၊ ခင်ခင်က အမြင်ကတ်တော့ နင်ငကြောက်ပဲလို့ စနေမိတယ်လေ၊ သူရဲမရှိပါဘူး နင်လူသာကြောက် သူရဲက ကြောက်စရာမရှိဘူး လို့ သူ့ကိုပြန်ပြောနေတာ ပေါ့။
ခင်ခင်တို့ နေ့မကူးပါဘူး၊ အဲဒီနေ့ညမှာ ခင်ခင့် သူငယ်ချင်းတွေစီ မန္တလေးက ဘော်ဒါတွေစီ စာရေးနေတော့ အေးအေးက အိပ်ချင်ပြီဆိုပြီး ၀င်အိပ်ရော၊ ခင်လည်း မျက်စိတွေညောင်းလာတော့ အိပ်တာပေါ့၊ အခန်းကတော့ မီးထွန်းထားတယ်လေ ခင်က ညာဘက်အိပ်ယာ၊ အေးအေးက ဘယ်ဘက်မှာလေ ။
အိပ်မက်ထဲမှာ သင်္ကြန်ကျနေတယ်၊ ဘယ်သူကပေါက်လိုက်မှန်းမသိတဲ့ ရေပူပေါင်းက ခင့်ရင်ဘတ်ကို မှန်တယ်၊ ခင်က လန့်နိုးသွားပါတယ်၊ နိုးနိုးချင်းသတိထားမိတာကတော့ ခင့်ရဲ့ ဗိုက်ပေါ်မှာ ပွင့်လောက်နီးနီး၇ှိတဲ့ ကိုယ်တစ်ခု တက်ဖိထားတာကို ခံစားလိုက် ၇တယ်လေ၊ စောင်ကို ခေါင်းမြီးခြုံထားတာကို မဖယ်၇ဲဘူး ၇ုတ်တ၇က်တော့ ဘာလုပ်၇မှန်းမသိဘူးလေ၊ နောက်မှ နောက်မှ သံဗုဒ္ဒေကို ရွတ်လိုက်ပါရော တစ်ဝက်လောက်နေမှ ဘေးလိမ့်ဆင်းသွားတဲ့ အသိကိုရလိုက်တယ်၊ တကယ်ပါ ကြက်သီးတွေဖျန်းဖျန်းထသွားရပါတယ်၊ အဲဒီမှာ ချက်ခြင်းဘဲ စောင်ကို ဖယ် ၊ ခြင်ထောင်ဖယ်၊ အေးအေးရဲ့ခြင်ထောင်ကို ဖယ်လှန်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်တော့ မီးကလည်းလင်း၊ တံခါးပေါက်တွေကလည်း ဂျက်ထိုးထားတယ်၊ ဘာဝင်ပေါက်ထွက်ပေါက်မှ မပွင့်ဘူး၊ အဲဒါနဲ့ ခင်က အေးအေးကို နှိုးပြီး
ငိုလိုက်မိတယ် ``ငါ့ကို သူရဲခြောက်သွားပြီ´´လို့လေ၊ အေးအေးကပါ လန့်သွားပြီး ခင့်ခေါင်းကို ကိုင်ပြီး ဘုရားစာတွေရွတ်ပေးတော့တာပဲ သူ့လက်တွေလည်း တုန်နေတာပဲ၊ အဲဒီမှာမှ ခင်ခင်တို့ ရုပ်သမား၊ နာမ်သမား ဘာညာ ငြင်းခုန်ခဲ့သူတစ်ဦး၊ လုံးဝကို ခေါင်းမမော့နိုင်တော့ ဘူး ၊ လက်တွေ့ခြောက်ခံရမှ ယုံတော့တာ သေရာပါပဲ။
နောက်နေ့ ကျောင်းတက်တော့ အဆောင်ဘေးက အတန်းကြီး အစ်ကိုကြီးက ပြောတယ် ၊ ဘုရားစင်လာရိုက်ပေးမယ်တဲ့၊ ဖောင်တော်ဦး သင်္ကန်းလည်းပေးမယ်တဲ့။ သူ့နှမလေး ခြောက်တန်းကျောင်းသူက ညနေမှာ အဆောင်လာလည်ရင်းတိုးတိုးလေးပြောတယ် ``မမ တို့ အဆောင်နဲ့ကပ်လျှက် ဂေါ်ရခါးစင်မှာ အဲဒီလူကြီး ကြိုးဆွဲချသေထားတာကြာသေးဘူး´´တဲ့လေ၊ အဆောင်အကျယ်ကြီးကို ဈေးပေါပေါ နဲ့ ရခဲ့လို့ ၀မ်းသာအားရနဲ့ ငှားခဲ့ကြတဲ့ ခင်တို့ သူငယ်ချင်းနှစ်ယောက်၊ ငိုပွဲဆင်ခဲ့ရတာ ခုထိ မေ့နိုင်ပါဘူး။
ခုတော့ အန်တီခင်ခင်တို့ သူရဲဆို ရိုသေပြီးသားပဲ၊ သူ့အကြောင်းဘာမှ မပြောဘူး၊ သူခြောက်မှာစိုးလို့လေ။
ခင့်လိုပဲ မယုံတဲ့ တူလေးတစ်ယောက်ကို အဲ့လိုပဲ ဘုရားစာတွေရွတ်ပေးခဲ့ရတယ်၊ ဒါကတော့ ရွေညောင်-တောင်ကြီးကားလမ်းပေါ်မှာ ည(12)နာရီခွဲမှ ပြန်လာတဲ့ ဆိုင်ကယ်စီးပြီး တောင်ကြီးတက်လာသူကို  မိန်းမတစ်ယောက်ယောက်က ခြောက်လိုက်တာပဲ ၊ မကြောက်တတ်တဲ့ကလေးက အခြောက်ခံ၇တော့ ငိုသံတွေထွက်ြ့ပီး ၊ မျက်စိမှားတာပါ၊ အလကားစတာပါလို့ ပြောပေမယ့် ပရိတ်တရားတော့ ရွတ်ဖတ်ပေးလိုက်ရတယ်လေ။
ကဲ ခင့်ပရိတ်သတ်မိတ်ဆွေတွေရော သရဲဆိုတာယုံကြလား၊ ခြောက်ခံဖူးလား၊ သိချင်ပါတယ်၊ မရှိဘူးလို့တော့ မပြောကြေးနော်၊
ခင်က သေရာပါ ကြောက်စိတ်ဖြစ်သွားအောင် တကယ်မယုံသူကို မှ လက်တွေ့ပြခံခဲ့ရလို့ ၊ ခုထိ အရမ်းကြောက်ပါတယ်ရှင်။(ယွန်းဆုဝဿန်)

No comments: