My Blog List

Friday, November 30, 2012

၂၀၁၂ခုနှစ်၊ လပြည့်ညတောင်ကြီးတန်ဆောင်တိုင်(အပိုင်း ၃)

၂၀၁၂ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ကိုတော့ ခင်တို့ သွားဖြစ်ခဲ့ပါတယ်၊ ၂၁-၁၁-၂၀၁၂ကနေ၂၈-၁၁-၂၀၁၂နေ့အထိ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်ကို နောက်ဆုံးနေ့မှပဲ သွားဖြစ်ခဲ့ပါတယ်၊
ညနေ ခြောက်နာရီခွဲလောက်မှာ ခင်တို့ကားက မင်းလမ်းတစ်ဘက်ကြောကနေ ပွဲအတွင်းကို သွားခဲ့ကြတာပါ မင်းလမ်းပေါ်မှာတော့ မီးကြာလှည့်ပွဲနဲ့ဆုံရပါတယ်၊ မြို့လုံးကျွတ်မီးကြာလှည့်ပွဲမှာ မီးပုံး မီးအလှဆင်မှုအမျိုးမျိုးကို တွေ့ရပါတယ်၊ ကားပေါ်ကနေ ဖုန်းနဲ့ဓါတ်ပုံရိုက်ပေမယ့် မီးအလင်းမမှန်မှု ၊ အကွာအဝေးခြားနားမှုကြောင့် ဓါတ်ပုံကောင်းကောင်းရိုက်မရပါဘူး၊ မီးကြာလှည့်ပွဲကိုလည်း လူအုပ်ကြီးကို ကျော်ပြီးကြည့်ရလို့ အားရပါးရမကြည့်နိုင်ပါဘူး၊ ကထိန်ခင်းသလိုပါပဲ မီးအလှတွေဟာ မင်းလမ်းအပြည့်ပါပဲ အိုးစည်ဗုံဗောင်းသံတွေကလည်း စိတ်ကြည်နူးစရာပါ၊ မီးတန်းကြီးကို ကျော်ဖြတ်လာ ခဲ့ပါတယ် ၊ မီးပုံးပျံကွင်းကို ကားဝင်ဖို့ခက်တာကြောင့် ပွဲခင်းထဲကို ဦးတည်လိုက်ပါတယ်၊ ပွဲခင်းထဲရောက် တော့ ကားဝင်ဖို့ အတော့်ကို ပီပီကယ်ကယ်တွေနဲ့စကားပြောရပါတယ်၊ ဆိုင်ရာဆိုင်ရာ တောင်းပန်ပြီး နောက်မှာ တော့ ကွင်းထဲ ကားပါကင်ထိုးပြီး၊ ခြင်းထောင်းအပြည့် စားစရာ တွေနဲ့ နေရာရှာရပါတယ်၊ ခြေချစ၇ာမရှိတဲ့နေရာမှာ နေစရာတစ်နေရာကိုတောင်မတွေ့ခဲ့ပါဘူး ဒါနဲ့ ပြန်ဆက်က မဏ္ဍပ်ပေါ်မှာ နေရာတစ်နေရာရခဲ့တော့ ပစ္စည်းတွေချပြီး ထိုင်ကြပါတယ်၊ ထိုင်နေတုန်း မီးပုံးပျံလွှတ်တာမြင်တော့ အပြေးအလွှား မြေပြင်ပေါ်ဆင်းပြီး ဓါတ်ပုံရိုက်ပါတယ်၊ အဲဒီမှာ အဖော်သူငယ်ချင်းက ဘာမပြောညာမပြောနဲ့ မဏ္ဍပ်ပေါ်က ဆင်းပြီး ကွင်းထဲလှည့်မယ်ဆိုပြီး တစ်ယောက် တည်းထွက်သွားလို့ ကျန်တဲ့သုံးယောက်က သူ့နောက်လိုက်ရပါတယ်၊ မြို့ခံက ခင်ဆိုတော့ ကွင်းအကြောင်း နားလည်လို့ လိုက်သွားပေးတာပါ ၊ သူက စိတ်ကောက်သလိုလုပ်ပေမယ့် ကိုယ်က လူကြီး ဆိုတော့ သဘောထား ကြီးပြပြီး အဖွဲ့လိုက်အတူတူသွားမယ်ဆိုပြီးလိုက်သွားတာပါ၊ (ခင်က စိတ်ကောက် တတ်သူတွေကို အချိန်ကုန်ခံ ချော့တတ်တဲ့သူမဟုတ်ပါဘူး)ဒါပေမယ့် ခင့်စိတ်ကိုလျော့ပေးရတာက တော့ အဘက်ဘက်က လျော့ပေးသင့်တယ်ထင်လို့ပါ၊ သဘောထားကြီးပြရတာပါ ၊ ကွင်းထဲက ဂရန်းရိုင်ရယ် မဏ္ဍပ်က ပရိုဂျက်တာနဲ့ပြနေတဲ့ စတိတ်ရှိုးကို ရပ်ကြည့်နေတုန်း ၊ လူအုပ်စုတစ်စုက ရှေ့ကလူရဲ့ပုခုံးကို လက်နှစ်ဘက်တင်ပြီး ၊ စီတန်းရင်း ညာသံပေးပြီးတိုးဝှေ့ဝင်လာကြပါတယ် ဘေးကကပ်ပြီး ပွဲခင်းတိုးနေတဲ့ ဘောင်းဘီရှည်ဝတ်ထားပြီး စကတ်အတိုလေး ၀တ်ဆင်ထားတဲ့ကောင်မလေးက လန့်အော် သံကြောင့်ကြည့်လိုက်တော့ ကောင်မလေးက သူ့လက်နဲ့ စကတ်ကို ပြန်ဆွဲချနေပါတယ်၊ အမျိုးကောင်းသားပွဲတိုးသမားများ လက်ဆော့သွားတာပါ၊ ရှက်သွားပြီး ငိုမဲ့မဲ့နဲ့အမြန်ပြေးသွားပါတယ်၊ ခင်ခင်က သူငယ်ချင်း ဇင်ဇင်ကို လက်တို့ပြလိုက်ပါတယ် သတိထားနေဖို့ပါပြောလိုက်မိတယ်၊ ပွဲက လူတွေ တိုးမပေါက်အောင် ကြပ်နေတော့ နှာထကြတဲ့ ယောကျာ်းတွေအတွက် လက်သရမ်းလက်ဆော့ ချင်စရာ ဖြစ်နေပါတယ် ဒါတောင် ဘောင်းဘီရှည်မ၀တ်ဘဲ ပေါင်အဖွေးသားနဲ့ စကတ်တိုတိုလေးဝတ်တဲ့ မိတ်ကပ်အဖွေးသားနဲ့ မိန်းကလေးတွေလည်း ပွဲခင်းထဲမှာ မြင်နေရပါတယ်၊ ခင်တို့အဖွဲ့ကလေးယောက် ဆိုတော့ တစ်ယောက်ကိုတစ်ယောက် လူမကွဲအောင် ဆွဲထားပြုထားနဲ့နေနေရတာပါ၊ ဂရုစိုက်ပြီး လူအုပ်ကို ကြည့်နေရပါတယ်၊ အတွဲလိုက် အော်ဟစ်ဝင်လာရင် ဘေးကို ရှောင်ပေးလိုက်တာ အကောင်းဆုံး ပါ၊ စတိတ်ပေါ်မှာ ဆိုတေး၊ ဖြူဖြူကျော်သိန်း၊ အာဇာနည်တို့ အော်ဟစ်ဆိုနေသလို စတိတ် အောက်မှာလည်း ပွဲတော်လာ ဧည့်သည်အပေါင်းဟာ မြူးကြွစွာ အော်ဟစ်ကခုန်နေတာကို ပရိုဂျက်တာနဲ့ ရိုက်ပြီး တိုက်ရိုက်လွှင့်ပြနေတော့ မြင်နေရပါတယ်၊ ဂရင်းရိုင်ရယ်အရက် စင်မှာ မြူးကြွနေ ပြီး အစည်ကားဆုံးပါပဲ၊ နောက်တော့ ခင်တို့ ညောင်ရွှေ ကိုလှမြင့်ဆိုင်မှာ ၀က်သားချဉ်သွားစားကြပါတယ် ဆိုင်တွေဆိုတာ ပွဲတော်မှာ ရောင်းလို့ထင်ပါရဲ့ ဆက်ဆံရေးညံ့ပါတယ်၊ ငွေကို နှစ်ဆယူပြီး မှာလိုက်ရင် ကြာမယ်နော် ဆိုတာကစတာပဲ၊ ရေနွေး ပန်းကန်၊ ဓါတ်ဗူးကို လည်း ငါးခါလောက်တောင်းရပါတယ်၊ လာချ ပေးတဲ့ အစားအစာကလည်း ပုံမှန်ထက် တစ်ဝက်လောက်ပဲ၊ ၀က်ခေါက်တစ်ထုပ်ကို တစ်ရာမရောင်း ဘဲ နှစ်ရာရောင်းတယ် ၊ ၀န်ဆောင်မှုကို လုံးဝလစ်လျူရှုထားပါတယ်၊ စားချင်စားမစားချင်နေဆိုတဲ့ပုံစံမျိုးပါ၊ လူက ပွဲခင်းလာပြီး ရှမ်းအစားအစာတွေကို တောင်ကြီးရောက်တုန်း စားချင်ကြတော့ မြို့ခံတွေကလည်း နာမယ်တွေကြည့်ပြီး ဒီဆိုင်ကတော့ တောင်ကြီးညောင်ရွှေမှာ နာမည်ကြီး စားလို့ကောင်းတယ် ဆိုပြီး ခေါ်သွားကြတာပါ၊ ရောင်းတာဝယ်တာ ဆက်ဆံရေးညံ့တာကတော့ ရောင်းရလွန်းအားကြီးလို့ ဘ၀င်မြင့်သွားတာပါ စားသုံးသူကို စော်ကားတာကတော့ အပိုပိုက်ဆံကို ပြန်မအမ်း ဘဲ မေ့ချင်ယောင်ဆောင် တာပါပဲ၊ အတင်းတောင်းမှ ပြန်ပေးတာမျိုးကတော့ ကိုယ့်ဆိုင်ကို နာမည်ဖျက်တာ နဲ့အတူတူပါပဲ၊ မြို့ခံတွေက ကောင်းပါတယ်ပြောပြီး ခေါ်လာပေးတာတောင် ဧည့်ဝတ်မကျေတာပါ၊ မြို့ခံ တွေကိုလည်း စော်ကားတာနဲ့တူနေပါတယ်၊ အဲဒီဆိုင်ကို မကျေမလည်နဲ့ထွက်လာခဲ့ပြီး မုခ်ဦးအ၀င် မှာတော့ စင်ပေါ်က အသံချိုချိုလေးတွေနဲ့ ဂိမ်းကစားနေတဲ့အသံဖမ်းခေါ်ရာကို ၀င်ခဲ့ကြပါတယ် စားပွဲတွေမှာ လူတွေအပြည့်ပဲ၊ အားလုံးက စိတ်ဝင်စားနေတော့ ခင်တို့လည်း စပ်စုဝင်ထိုင်ကြ တယ်  နောက်မှ ကော်ဖီဆိုင်ဖြစ်နေတယ် ဆန်းဒေးနဲ့ရစ်ခ်ျ ကော်ဖီရဲ့ ကြော်ငြာအရောင်းဆိုင်ပါ တော်တော် ကို လူစည်ပါတယ် ကော်ဖီကို ဈေးအမျိုးမျိုးနဲ့ ပလပ်စတစ်ဗူးလေးတွေ ပိုက်တွေနဲ့ရောင်းတာပါ၊ ခင်တို့ ကော်ဖီမှာသောက်ပါတယ်၊ တော်တော်ကို အရသာရှိပါတယ်၊ တစ်ခုကတော့ အချိုလွန်နေသလိုပါပဲ၊ အချိုမကြိုက်တဲ့အတွက် အပေါ်ယံကို သောက်တာပါ၊ တော်တော်ကောင်းပါတယ်၊ ဆန်းဒေးကော်ဖီ အရသာ က နို့မှုန့်များများပါပြီး ကော်ဖီကို စွဲမက်စေတဲ့အရသာပါ၊ လွန်ခဲ့တဲ့ စက်တင်ဘာလောက်ကတည်း က စသောက်မိရာက ကြိုက်သွားလို့ အိမ်မှာအမြဲဆောင်ထားတဲ့ကော်ဖီပါ၊ ခုလည်း အိမ်မှာဖျော်သောက် တာထက်ကို ကောင်းကြောင်း အရသာက ဖော်ညွှန်းနေတာပါ၊ ပြီးတော့ စင်ပေါ်မှာ အဆိုတော်လေးတွေ ဆိုနေတဲ့ သီချင်းလေးတွေကောင်းလို့လည်း ကြာကြာထိုင်ဖြစ်ကြတယ်လေ၊ နောက်တော့ ခင်တို့ တစ်နေရာမှာ ထိုင်ကြည့်ဖို့ စိတ်ကူးလိုက်ပြီး ကော်ဖီဆိုင်ကထခဲ့ကြတယ်၊ လပြည့်ညအအေးက တော်တော် ကို အေးတာပါ၊ အအေးဆုံးနေ့က လပြည့်ညပါ၊ လူကို တုန်တက်လာသလိုပဲ၊ ဒါနဲ့ ပြန်ဆက် က ခြင်းတောင်း ကိုသွားယူပြီး ဘေးကပ်လျှက် မှန်လုံဆောင်မှာ သွားထိုင်ကြပါတယ်၊ ခင်တို့ နှစ်တိုင်း လုပ်အား ပေးခဲ့ဖူးတဲ့အတွက်၊ တာဝန်ကျနေတဲ့သူတွေက လိုလိုလားလား ခေါ်လို့ပါ၊ အဲဒီမှာတော့ လေမတိုက်ဘူးလေ၊ ခုံမှာထိုင်ပြီး စကားပြောလိုက် မီးပုံးပျံလွှတ်တာမြင်ရင် သွားကြည့်လိုက်နဲ့ ဒါတောင် ခြေဖျားတွေက အေးစက်နေတာပဲ အပြင်မှာ နေရင် အေးခဲသွားမလားပဲ၊ ခင်ခင် တို့ မှန်ဆောင်ကနေကြည့်လိုက်ရင် ကွင်းကို စလိုက်မီးများကြားမှာ ထင်ထင်ရှားရှားမြင်နေရတယ် ဒီလောက်ကျယ်တဲ့ကွင်းမှာ ကွက်လပ်မရှိအောင်လူတွေပြည့်ကြပ်နေတယ်၊ လူပင်လယ်ကြီးလိုပဲ ဒီကြားထဲက နိုင်ဂရုကလွှတ်တင်တဲ့မီးပုံးပျံခမြာ အပေါ်တောင်မတက်ရသေးဘူး ယမ်းတွေ မီးထပေါက်ပြီး မီးလောင်သွားတော့ မီးသတ်ကားက ရေဖြန်း ၊ လူတွေက ပြေးနေကြတာကို အဝေးကမြင်နေရတယ်၊ လူတွေ ယမ်းပေါက်ထိမှာကို စိုးရိမ်နေမိတယ်၊ မီးလောင်သွားတဲ့ စကိုင်းနက်တို့လည်း ဒီလိုပဲ၊ မီးပုံးပျံ တစ်လုံးဖြစ်ဖို့ ငွေကျပ်သိန်း(၄၀)လောက်အကုန်ခံ လုပ်ထားရတာ ခုလို မအောင်မြင်ဘဲ မီးလောင်သွားရ တာရယ်၊ အပေါ်တက်သွားပြီး အပေါ်မှာတင်မီးလောင်သွားတာရယ်ဟာ နှမြောစရာပါ၊ ဒီနှစ် တန်ဆောင် တိုင်မှာ ညတိုင်းညတိုင်း မိုးပေါ်မရောက်ဘဲ မီးလောင်သွားတဲ့ မီးပုံးပျံတွေတော်တော်များတယ်လို့ ကြားသိ ရပြီး နောက်ဆုံးနေ့ ကိုယ်တိုင်သွားကြည့်ချိန်မှာ တင် လောင်လိုက်တဲ့မီးပုံးပျံကို လက်တွေ့မြင်နေရ တယ်၊ လေကြောင့်၊ အလေး ချိန်ကြောင့်၊ မီးကူးမှုကြောင့် ဆိုတဲ့ အရာတွေကြောင့် မြတ်နိုးစွာ လွှတ်တင် သူတွေမှာတော့ ၀မ်းနည်း စွာနဲ့ လှည့်ပြန်ကြရတာပါ၊ မီးပုံးပျံတစ်လုံး မိုးကောင်းကင်ပေါ် လွတ်လွတ်ကင်း ကင်းတက်သွားချိန်မှာတော့ အောက်မှာ ၀ိုင်းဖွဲ့ကနေတဲ့ မီးပုံးပျံအဖွဲ့တွေရဲ့အပျော်ဟာ ကြည်နူးစရာပါ၊ လပြည့်ညမှာ ပျော်ရွှင်သွားတဲ့ အင်သား  မီးပုံးပျံနဲ့ ဒို့ညီနောင် မီးပုံပျံတို့ကိုတော့ လှပစွာနဲ့တွေ့မြင်ခဲ့၇ ပါတယ်၊ တောင်ပေါ်မှာ မီးလောင်ပျက်ကျတဲ့ မီးပုံးပျံနဲ့ ကွင်းထဲမှာ မီးလောင်သွားတဲ့ မီးပုံးပျံတွေကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်၊ မီးပုံးတစ်လုံးနဲ့တစ်လုံး လွှတ်တင်ဖို့ ဆိုတာ အနည်း ဆုံး တစ်နာရီလောက် ကြာတယ်၊ စိတ်ရှည်လက်ရှည် စောင့်ကြည့်ရတာပါ၊ ကွင်းထဲမှာ ဘယ်လောက်အေးနေမလဲ ဆိုတာ တွေးမိ တော့ ကိုယ်ချင်းစာပါတယ် ၊ ကွင်းထဲကလူတွေကတော့ အေးမှန်းတောင်မသိဘူး အနီးကပ် ကြည့်ရင် အန္တရယ်ရှိပါတယ်ဆိုတာတောင် မရဘူး လွှတ်တင်နေတဲ့မီးပုံးပျံကို အစအဆုံး မှတ်တမ်းတွေတင် နေတော့တာပဲ၊ မီးလောင်ပေါက်ကွဲမှ ထွက်ပြေးကြ လဲကျ အနာရကြလည်း မမှုကြဘူး အမှတ်တရ ဒဏ်ရာလေးကို ကြွားချင်ကြတာလေ တောင်ကြီးမီးပုံးပွဲက ရလာတာကွဆိုပြီး ၊ ခင်ခင်တို့တော့ ပွဲပြီးအောင်မနေနိုင်ပါဘူး အေးတာကတစ်ကြောင်း၊ ကားကပြန်မယ့်အချိန်သတ်မှတ်ထားတာက တစ်ကြောင်းကြောင့် ည သုံးနာရီမှာ ကွင်းထဲက နေ ကားကို မနည်း တိုးဝှေ့ထွက်လာခဲ့ကြပါတယ်၊ အင်း စောစောက ခင်တို့ အဖွဲ့ထဲက ကောင်မလေးက ပြောပြတဲ့အကြောင်းလေးကို မပြောရသေးဘူး ၊ သူပြောတာက သူအရင်နေ့က ကွင်းထဲလာတုန်းက သူ့တင်ပါးကို ဆိပ်ဆွဲသွားတာ ခံလိုက်ရတယ်တဲ့၊ ဒါကြောင့်ပြောတာပေါ့ ခင်က မြို့ခံမို့ အဲဒီလို မဖြစ်အောင်အသိမိတ်ဆွေတွေရှိတဲ့ မဏ္ဍပ်တွေမှာ အေးအေး ဆေးဆေး ထိုင်ကြည့်ရအောင် စီစဉ်ပေးတာကို သူက တစ်ယောက်ထဲ ကွင်းပတ်မယ် လုပ်လိုက်သေးတယ်လေ၊ ခံဖူးတာတောင် မမှတ်ဘူးနော်၊ ဒါပါပဲနော်------------

No comments: