ဟိုပုန်းမြို့အ၀င် လမ်းဘယ်ဘက်ခြမ်း လမ်းကြားမှ အတွင်းထဲ သို့ ၀င်က ဆွမ်မီကျောင်းကို တွေ့ရမယ်၊ ဆရာတော်က ဒေသခံတွေ ပြောကြားချက်အရ ၀စီပိတ်ဆရာတော်ပါ၊ တချို့တွေကတော့ ရဟန္တာတစ်ပါးဟု သတ်မှတ်ကြပါတယ်..တစ်နေ့လုံး တရားအားထုတ်ပြီး နေ့လည် 11နာရီမှ 12နာရီကြားတွင် ဆွမ်းထွက် ဘုန်းပေးစဉ် ဖူးမြှော်နိုင်ပါတယ် ကျန်တဲ့အချိန် တရားအားထုတ်နေပါတယ် ရှမ်းဆရာတော်ဖြစ်ပါတယ်။ ၀စီပိတ်ဆရာတော်ဖြစ်ပြီး လိုအပ်မှ အရေးကြီးမှ သာ စကားမြွက်ဟပါတယ် ကျောင်းမှာ လာဖူးသူများ ကို ဆွမ်းဘုန်းပေးဖို့ထွက်လာချိန်တွင် အဖူးခံပါတယ်၊ ကျောင်းမှာ ထမင်းကျွေးတာမို့ ဆွမ်းလှူခဲ့ပါတယ်.....
ရောက်ဖြစ်တဲ့အခါ သွားဖူးကြပါ တရားအားထုတ်ပြီး လောကီအလုပ် ကင်းတဲ့ ဆရာတော်တစ်ပါးမို့ပါ
![]() | |
ဟိုပုန်း မြို့အ၀င် ဆွမ်မီကျောင်း မှ ဆရာတော် |
![]() |
ဆရာတော့်မျက်နှာမှာ နုပြီး စိုပြေသည် ၀စီပိတ်ဆရာတော်တစ်ပါးဖြစ်သည်(အရေးကြီးလျင်တော့ စကားပြောပါသည်) |
![]() |
ဆရာတော်အား လှူဖွယ်ပစ္စည်းများ ကပ်လှူသည်ကို ဆုပေးနေပုံ |
![]() |
ဆွမ်မီကျောင်းသို့ မကြာမီကမှ လာရောက်သီတင်းသုံးတော်မူသော ပြင်ဦးလွင်မှ ဂျပန်ဂူဆရာတော်ဘုရား |
![]() |
ဆွမ်မီကျောင်းတွင် ဝေယျာဝစ္စ ကူညီပေးနေသော ဟိုပုန်းမြို့မှ ၀န်ထမ်း ဦးစီးအရာရှိ မမ |
![]() |
ဒီလို ကျောင်းဆောင်လေးတွေကို လှူဒါန်းပေးသူတွေ ကျန်းမာပါစေချမ်းသာပါစေ သာဓုပါ |
![]() |
ဆွမ်မီကျောင်းဝင်းအတွင်း |
![]() |
ဆွမ်မီကျောင်း အတွင်း စေတီတော် |
![]() |
ဆွမ်မီဆရာတော်နှင့် ဂျပန်ဂူဆရာတော်အား လှူဒါန်းထားသည့် ရေသန့်စက် |