တောင်ကြီးမှာနှင်းတွေကျတာ
အရင်တစ်ခါအတူသွားဖူးတဲ့
စိန်ပန်းပြာကြွေမြက်ခင်းမြေမှာ
စိုးရယ် ဆိုးရယ် ကိုယ်ရယ်သာ
နှုတ်ဆက်ထွက်ခွာသူ့နောက်ကျောမှာ
သတိရတိုင်းသာပန်းတွေပွင့်မယ်ဆိုရင်
တစ်ကမ္ဘာလုံးကို ပန်းတွေဖုံးပစ်မယ်တဲ့
တစ်ညလုံးအိပ်မရအောင်
လွမ်းခဲ့ဟန်သူပြောတော့
ရင်မှာကြည်နူးမဆုံးလိုက်ခင်
ခြင်တွေကိုက်လို့တဲ့
တစ်ခါပြန်ဆုံတော့
မှဲ့နက်ကြီးကြီးနဲ့သူ့မဒီက
မျက်လုံးကြီးဝင့်လို့
တို့ကတော့ လှည့်တောင်မကြည့်ခဲ့ဘူး
နင့်ကို မလွမ်းလောက်လို့ပေါ့
ဒါပေမယ့် ရန်ဖြစ်ကြတယ်တဲ့
ဘာကြောင့် ခုမှ နုချင်ရတာလဲ
အားလုံး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်မှာ နှစ်ဆယ်ကျော်ဘ၀က
အမှတ်တရတွေကို
အသစ်ပြန်ကောက်လို့
စိတ်ကောက်နေကြတဲ့
မကြီးမငယ်ဒီအသက်မှာလဲ
ငါက မနာလိုဖြစ်စရာ
ကလေးလေးမှမဟုတ်တာဟာ
နင်ရယ်ငါရယ်အတူတူကြီးပြင်းလာတဲ့
အသက်ကိုထောက်မိရင်
မငယ်တော့တဲ့ နှစ်ဆယ်နှစ်ပြန်အသက်မှာ
ရယ်စရာကလေးကလား
ငယ်ဘ၀ကို စိတ်ကောက်ချင်တဲ့မဒီအတွက်
လက်ဆောင်မပေးခဲ့ပါနဲ့