My Blog List

Monday, December 9, 2013

ဘ၀တောင်တန်း

``ဘ၀တောင်တန်း´´
ဘဝခရီးမှာ
အမြင်နီးသလိုနဲ့
တောင်တန်းအသွယ်သွယ်
မြင်ကွင်းမှာနီးနေသလိုပါ

တကယ်တမ်းမှာ
မောဟိုက်ကာ ချွေးတွေစီး
လှိုက်မောကာ အခါခါနားပြီး
ဒီတောင်တစ်ကုန်းကို အမြင်နီးလို့
အမြန်ခရီးနှင်ပေမယ့်
ရောက်ဖို့တက်လှမ်းရာမှာ
နွမ်းလျသက်ပြင်းတချချပေါ့

အော်
ဘဝခရီးကတောင်တန်း
အသွယ်သွယ်ကို
ဖြတ်ကျော်သန်းပြန်တော့
မောဟိုက်တခါ လေပြည်တရှိုက်
ပျော်ရတလီ
ငိုရတသွယ်
ပြုံးရ ရယ်ရ ဝမ်းနည်းရနဲ့
လက်မလျော့ဘဲ
တစ်တောင်ဆုံးပေမယ့်
ခရီးကမဆုံးလေတော့
တောင်တန်းတွေ
အသွယ်သွယ်
တောင်စဉ်တွေ
ရေမရအောင်
ဘဝမဆုံးသရွေ့
တက်နေရဦးမှာပဲလေ
ဘဝဆိုတာက
သွားရင်းနဲ့မဆုံးနိုင်တဲ့
သံသရာစက်ဝန်းရဲ့
အစက်အမူန်လေးပါပဲ
**************----
၈ ၁၂ ၂၀၁၃YSWT(ဓါတ်ပုံဆရာကို ဒီကနေ ခွင့်တောင်းပါတယ် ယူသုံးထားလို့ပါ )