My Blog List

Thursday, January 31, 2013

DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်


DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်
ပြောချင်တာကြာပြီ
တလောက ကျောင်းဆင်းပွဲတစ်ခုမှာ တူလေးကိုသွားကြိုကြတယ် အပြန်လမ်းမှာ သူပြောလာတဲ့ စကားတွေထဲက ရင်ထဲမှာ ၀မ်းသာဂုဏ်ယူခဲ့ရတဲ့ စကားလေးကိုပြန်ပြောချင်နေတာလေ---
``အန်တီသိလား သားတို့ကျောင်းက တီဗွီကြီးကွဲသွားတယ် kia က တပ်မတော်သားတွေ ကျဆုံး တဲ့ပုံတွေ၊ ဖမ်းထားတဲ့ပုံတွေပြတဲ့ ဗွီဒီယိုခွေကို ဖွင့်ကြည့်ရင်းနဲ့ သင်တန်းဆရာ ဗိုလ်ကြီးတွေ ထကန် လိုက်တာ ကွဲသွားတယ်၊ ဒါနဲ့ သားတို့ မကြည့်ရတော့ဘူးလေ´´တဲ့

Wednesday, January 23, 2013

ဘလော့လေးကို မရောက်တာ တော်တော်ကြာလှပေါ့
ခုတလောက ဘာတွေမှန်းမသိဘူး စိတ်တွေက ပျော်ရွှင်စရာတွေ ဆိုတာ မရှိဘူး တစ်နေ့တစ်နေ့ ဖေ့ဘွတ်မှ ဖတ်နေမိတဲ့သတင်းတွေ ကကြေကွဲစရာ စိတ်မကောင်းစရာ တွေချည်း  ဒါနဲ့ပဲ ဘလော့လေး မှာရေးချင်တာတွေ မရေးဖြစ်ခဲ့သလို စာရေးဖို့လည်း စိတ်မပါပါဘူး
ခုပဲကြည့်လေ