My Blog List

Thursday, January 31, 2013

DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်


DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်
ပြောချင်တာကြာပြီ
တလောက ကျောင်းဆင်းပွဲတစ်ခုမှာ တူလေးကိုသွားကြိုကြတယ် အပြန်လမ်းမှာ သူပြောလာတဲ့ စကားတွေထဲက ရင်ထဲမှာ ၀မ်းသာဂုဏ်ယူခဲ့ရတဲ့ စကားလေးကိုပြန်ပြောချင်နေတာလေ---
``အန်တီသိလား သားတို့ကျောင်းက တီဗွီကြီးကွဲသွားတယ် kia က တပ်မတော်သားတွေ ကျဆုံး တဲ့ပုံတွေ၊ ဖမ်းထားတဲ့ပုံတွေပြတဲ့ ဗွီဒီယိုခွေကို ဖွင့်ကြည့်ရင်းနဲ့ သင်တန်းဆရာ ဗိုလ်ကြီးတွေ ထကန် လိုက်တာ ကွဲသွားတယ်၊ ဒါနဲ့ သားတို့ မကြည့်ရတော့ဘူးလေ´´တဲ့


ပြီးတော့ထပ်ပြောတယ် ``အရမ်း ၀မ်းနည်းဖို့ကောင်းတာက သူတို့ အဲဒီနေ့ညက ငိုကြတယ်တဲ့ တပ်မတော်သားတွေ အလောင်းတွေကို ခုလို ပက်ပက်စက်စက်ပြလို့တဲ့ ပြီးတော့ ရဲဘော်တွေ ကျဆုံး ကြလို့တဲ့ ၊ ဒါနဲ့ နောက်နေ့မှာ အထက်ကို စာတင်တယ်တဲ့ သင်တန်းဆရာအဖြစ်ကနေ စစ်တိုက်တဲ့ ခြေလျင် ခြေမြန် ကို ပြောင်းရွှေ့ပေးရန်နှင့် ယခု ကချင်ရှေ့တန်းစစ်မြေပြင်ကို ချက်ချင်းတက်ရမည့် တပ်သို့ ပြောင်းရွှေ့ပေးရန်၊ ပြောင်းရွှေ့ပေးခြင်းမပြုပါက တောခိုမည် လုပ်ချင်ရာလုပ်တော့မယ်တဲ့``
ကလေးကဆက်ပြောတယ် အထက်က ချက်ခြင်း ပို့လိုက်လို့ သင်တန်းဆရာတွေ စစ်မြေပြင်ကို ချီတက်သွားကြပြီတဲ့ ၊
စဉ်းစားကြည့်ပါ စစ်မြေပြင်မှာ တိုက်ပွဲတွေပြင်းထန်၊ အကျအဆုံးတွေများ၊ နေ့စဉ် သတင်းတွေ ကြောက်ခမန်းလိလိမှာ DSA 47 နဲ့ 48 က စစ်ဗိုလ်တွေ ဘာကြောင့် သတ္တိတွေ ရှိတာ လည်း ဒါဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်တော့မှ လက်နက်မချဆိုတဲ့ ဆောင်ပုဒ်လေးရယ် ``တစ်ပွင့်မြေလွှာ တစ်လွှာပန်းခြောက် ငါတို့လက်က ရန်သူရသော် တေဇသမိုင်းရိုင်းတော့မည်´´ ဆိုတဲ့ အလုပ်သင်ဗိုလ်တွေရဲ့ ဆောင်ပုဒ်လေးတွေဟာ အလကားမှမဟုတ်တာနော်
တိုင်းပြည်ကို ချစ်တဲ့၊ တပ်မတော်သားတွေအပေါ် ကိုယ်ချင်းစာတဲ့ သူတိုင်း ဒီကလေးတွေကို ဂုဏ်ယူပေးကြပါ၊ ကျဆုံးသွားတဲ့ DSA 47 လေးတွေ အမည်ဖတ်တိုင်း သင်တန်းကျောင်းက နေ အထက်ကို တင်ပြပြီး စစ်မြေပြင်ကို ထွက်ခွာခဲ့တဲ့ အိုးစားဖက်လေးတွေများလား တွေးရင်း စိတ်လည်း မကောင်းဖြစ်မိပါရဲ့၊ ရဲစွမ်းသတ္တိနဲ့ အခွင့်အရေးမတာင်း ရှေ့တန်းတောင်းတဲ့ သူတွေကို ဂုဏ်ယူမိပါရဲ့

No comments: