My Blog List

Monday, December 9, 2013

ဘ၀တောင်တန်း

``ဘ၀တောင်တန်း´´
ဘဝခရီးမှာ
အမြင်နီးသလိုနဲ့
တောင်တန်းအသွယ်သွယ်
မြင်ကွင်းမှာနီးနေသလိုပါ

တကယ်တမ်းမှာ
မောဟိုက်ကာ ချွေးတွေစီး
လှိုက်မောကာ အခါခါနားပြီး
ဒီတောင်တစ်ကုန်းကို အမြင်နီးလို့
အမြန်ခရီးနှင်ပေမယ့်
ရောက်ဖို့တက်လှမ်းရာမှာ
နွမ်းလျသက်ပြင်းတချချပေါ့

အော်
ဘဝခရီးကတောင်တန်း
အသွယ်သွယ်ကို
ဖြတ်ကျော်သန်းပြန်တော့
မောဟိုက်တခါ လေပြည်တရှိုက်
ပျော်ရတလီ
ငိုရတသွယ်
ပြုံးရ ရယ်ရ ဝမ်းနည်းရနဲ့
လက်မလျော့ဘဲ
တစ်တောင်ဆုံးပေမယ့်
ခရီးကမဆုံးလေတော့
တောင်တန်းတွေ
အသွယ်သွယ်
တောင်စဉ်တွေ
ရေမရအောင်
ဘဝမဆုံးသရွေ့
တက်နေရဦးမှာပဲလေ
ဘဝဆိုတာက
သွားရင်းနဲ့မဆုံးနိုင်တဲ့
သံသရာစက်ဝန်းရဲ့
အစက်အမူန်လေးပါပဲ
**************----
၈ ၁၂ ၂၀၁၃YSWT(ဓါတ်ပုံဆရာကို ဒီကနေ ခွင့်တောင်းပါတယ် ယူသုံးထားလို့ပါ )

Monday, November 4, 2013

မကြာမီလာမည်နော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲနှင့် ကထိန်ပွဲ

တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်မှာ နွဲပျော်ချင်ဘူးလား 
မကြာခင်မှာ 
2013ခုနှစ် နိုဝင်ဘာလ(10)ရက်နေ့ကနေ (17)ရက်(လပြည့်နေ့အထိ)ကျင်းပမယ့် တန်ဆောင်တိုင်ပွဲကို လာရင် 
အနွေးထည်မပါဘဲ မလာနဲ့နော်
မေးခိုက်ခိုက်တုန်လို့ အဘားအဘားအော်သွားရမယ်နော်
ခုတောင် အေးနေပြီနော်

Thursday, May 9, 2013

ဟိုပုန်းမြို့အ၀င် ဆွမ်မီကျောင်းကို ဆရာတော် ၀စီပိတ်ဆရာတော်(တချို့တွေကတော့ ရဟန္တာတစ်ပါးဟု သတ်မှတ်ကြပါတယ်)..

ဟိုပုန်းမြို့အ၀င်  လမ်းဘယ်ဘက်ခြမ်း လမ်းကြားမှ အတွင်းထဲ သို့ ၀င်က ဆွမ်မီကျောင်းကို တွေ့ရမယ်၊ ဆရာတော်က ဒေသခံတွေ ပြောကြားချက်အရ ၀စီပိတ်ဆရာတော်ပါ၊ တချို့တွေကတော့ ရဟန္တာတစ်ပါးဟု သတ်မှတ်ကြပါတယ်..တစ်နေ့လုံး တရားအားထုတ်ပြီး နေ့လည် 11နာရီမှ 12နာရီကြားတွင် ဆွမ်းထွက် ဘုန်းပေးစဉ် ဖူးမြှော်နိုင်ပါတယ် ကျန်တဲ့အချိန် တရားအားထုတ်နေပါတယ် ရှမ်းဆရာတော်ဖြစ်ပါတယ်။ ၀စီပိတ်ဆရာတော်ဖြစ်ပြီး လိုအပ်မှ အရေးကြီးမှ သာ စကားမြွက်ဟပါတယ် ကျောင်းမှာ လာဖူးသူများ ကို ဆွမ်းဘုန်းပေးဖို့ထွက်လာချိန်တွင် အဖူးခံပါတယ်၊ ကျောင်းမှာ ထမင်းကျွေးတာမို့ ဆွမ်းလှူခဲ့ပါတယ်.....
ရောက်ဖြစ်တဲ့အခါ သွားဖူးကြပါ တရားအားထုတ်ပြီး လောကီအလုပ် ကင်းတဲ့ ဆရာတော်တစ်ပါးမို့ပါ

ဟိုပုန်း မြို့အ၀င် ဆွမ်မီကျောင်း မှ ဆရာတော်


ဆရာတော့်မျက်နှာမှာ နုပြီး စိုပြေသည် ၀စီပိတ်ဆရာတော်တစ်ပါးဖြစ်သည်(အရေးကြီးလျင်တော့ စကားပြောပါသည်)


ဆရာတော်အား လှူဖွယ်ပစ္စည်းများ ကပ်လှူသည်ကို ဆုပေးနေပုံ

ဆွမ်မီကျောင်းသို့ မကြာမီကမှ လာရောက်သီတင်းသုံးတော်မူသော ပြင်ဦးလွင်မှ ဂျပန်ဂူဆရာတော်ဘုရား

ဆွမ်မီကျောင်းတွင် ဝေယျာဝစ္စ ကူညီပေးနေသော ဟိုပုန်းမြို့မှ ၀န်ထမ်း ဦးစီးအရာရှိ မမ

ဒီလို ကျောင်းဆောင်လေးတွေကို လှူဒါန်းပေးသူတွေ ကျန်းမာပါစေချမ်းသာပါစေ သာဓုပါ



ဆွမ်မီကျောင်းဝင်းအတွင်း

ဆွမ်မီကျောင်း အတွင်း စေတီတော်

ဆွမ်မီဆရာတော်နှင့်  ဂျပန်ဂူဆရာတော်အား လှူဒါန်းထားသည့် ရေသန့်စက်

Thursday, January 31, 2013

DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်


DSA 47 48 တို့အတွက် ဂုဏ်ယူပါတယ်
ပြောချင်တာကြာပြီ
တလောက ကျောင်းဆင်းပွဲတစ်ခုမှာ တူလေးကိုသွားကြိုကြတယ် အပြန်လမ်းမှာ သူပြောလာတဲ့ စကားတွေထဲက ရင်ထဲမှာ ၀မ်းသာဂုဏ်ယူခဲ့ရတဲ့ စကားလေးကိုပြန်ပြောချင်နေတာလေ---
``အန်တီသိလား သားတို့ကျောင်းက တီဗွီကြီးကွဲသွားတယ် kia က တပ်မတော်သားတွေ ကျဆုံး တဲ့ပုံတွေ၊ ဖမ်းထားတဲ့ပုံတွေပြတဲ့ ဗွီဒီယိုခွေကို ဖွင့်ကြည့်ရင်းနဲ့ သင်တန်းဆရာ ဗိုလ်ကြီးတွေ ထကန် လိုက်တာ ကွဲသွားတယ်၊ ဒါနဲ့ သားတို့ မကြည့်ရတော့ဘူးလေ´´တဲ့

Wednesday, January 23, 2013

ဘလော့လေးကို မရောက်တာ တော်တော်ကြာလှပေါ့
ခုတလောက ဘာတွေမှန်းမသိဘူး စိတ်တွေက ပျော်ရွှင်စရာတွေ ဆိုတာ မရှိဘူး တစ်နေ့တစ်နေ့ ဖေ့ဘွတ်မှ ဖတ်နေမိတဲ့သတင်းတွေ ကကြေကွဲစရာ စိတ်မကောင်းစရာ တွေချည်း  ဒါနဲ့ပဲ ဘလော့လေး မှာရေးချင်တာတွေ မရေးဖြစ်ခဲ့သလို စာရေးဖို့လည်း စိတ်မပါပါဘူး
ခုပဲကြည့်လေ