My Blog List

Saturday, December 22, 2012

ပီတိ

22ရက်နေ့က ငယ်ငယ်က ကျေးဇူးရှိခဲ့တဲ့ မိဘသဖွယ်စောင့်ရှောက်ခဲ့တဲ့ကျေးဇူးရှင်
အဖြစ်ရင်ထဲမှာအမြဲမှတ်သားခဲ့တဲ့လူကြီးမိဘနှစ်ဦးကို ငွေတစ်သိန်းကန်တော့ခဲ့ပါတယ်
ဆုပေးတော့ရင်ထဲမှာ ကျေးဇူးရှိဖူးတဲ့သူကို ဂါရဝပြုရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်
ငယ်ငယ်က ဒီအိမ်မှာနေခဲ့ စားခဲ့ ကစားခဲ့ အိပ်ခဲ့ရတာကိုပြန်သတိရမိတယ်
အငြိမ်းစားဆေးတပ်တပ်မှူးအိမ်
ဆေးခန်းဖွင့်ထားပြီး ခင်တို့က ကူကြသလို အန်တီကခရစ္စယာန်ဆိုတော့
ဘုရားရှစ်ခိုးဆုတောင်းပွဲတွေမှာလည်း
ခင်တိုကပျော်ခဲ့တာပဲ ခြောက်တန်းနှစ်ကစလို့ဆယ်တန်းအောင်တဲ့အထိဒီမိသားစုအိမ်မှာ ကြီးပြင်းခဲ့တာ သမီး သား တူတွေတူမတွေကလည်း ခင်နဲ့က မောင်နှမတွေလိုချစ်ခင်ခဲ့တာကြောင့်
မိသားစုလေးလိုခံစားခဲ့ရတယ်
ခင်ဝန်ထမ်းဘဝမှာ ငွေကြေးအဆင်မပြေတဲ့ကာလတွေမှာစိတ်ထဲကသာရှိတာ လက်ကမရောက်နိုင်ခဲ့ဘူး ဒီနေ့မှာတော့ ခင်ပိုင်ဆိုင်မှုလေးရောင်းခဲ့
ရတာနဲ့ ဇာတိရွှေညောင်ကိုဆင်းလာခဲ့ပြီး
မွေးမိခင်ကို တစ်သိန်း ငယ်ဘဝက ခင့်ကို ကျွေမွေးဂရုစိုက်ပြီး ခင့်ဘက်က
မားမားမတ်မတ် ရှိပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို ကန်တော့ရင်း တူတွေတူမတွေကိုမှုန့်ဖိုးတွေပေးခဲ့တယ် ရင်ထဲမှာဖြစ်တဲ့ပီတိဟာ မျက်ရည်လည်မိပါတယ်
ခင့်ငယ်ဘဝလေးမှာပျော်ရွှင်အောင်မိသားစုအိမ်လေးထဲမှာ နွေးထွေးစွာ ထားပေးခဲ့တဲ့ တောင်ကြီး ဆေးတပ် တပ်မှူး ဒုဗိုလ်မှူးကြီးမောင်ထွေး နဲ့
အန်တီ ဒေါ်နော်ရှာဖော တို့ကို ရင်ထဲမှာ မိသားစုလို နွေးထွေးစွာ ကျေးဇူးတင်ချစ်ခင်မဆုံးပါကြောင်း
ပီတိနဲ့ မှတ်တမ်းတင်ပါရစေရှင် ..........့

No comments: