My Blog List

Monday, December 31, 2012

၂၀၁၃နှစ်သစ်ကူး ငြိမ်းချမ်းရေးဆုတောင်း


၂၀၁၃ခုနှစ် ၊ ဇန်န၀ါရီလ(၁)ရက်
မင်္ဂလာပါရှင် တိုင်းရင်းသားပြည်သူအပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ၊ ဘေးဘယာဝေးကွာကြပါစေ၊ ဒီဆုတောင်းလေးကို အလေးအနက် ထားပြီး ကျွန်မဆုတောင်းပါရစေရှင်---မြန်မာပြည်မြောက်ပိုင်းဒေသ ၊ ကချင်တိုင်းရင်းသားတို့အားလုံးနဲ့ ABSDF ကျောင်းသားများအားလုံးကိုလည်း မေတ္တာပို့သပါတယ်၊ KIO/KIA အဖွဲ့မှ ဦးဂွမ်မော်၊ ဦးဂွမ်ရှောင်နဲ့ တပည့်သားများအားလုံးကိုလည်း ထပ်တူ ထပ်မျှ ဆုတောင်းပေးပါတယ်၊

Friday, December 28, 2012

လေယာဉ်မှူးကို ချီးကျူးပါတယ်ရှင်

လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊ (ကလေးမသေဘူး ၊ စကားပြန် နွဲ့လင်းရှိန်ကို ကလေးလို့ထင်ခဲ့ကြတာ)ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊ ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊ လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကို ချီးကျူးတယ်၊ ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ (ဂရုဏာစိတ်နဲ့ပြောတာပါရှင်၊ ကျွန်မတို့တောင် လေယာဉ်မစီးဖူးတာကြာပြီလေ) သူသေရ တာကတော့ မတော်တဆမှု အတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)

ခင် ခင်
http://www.facebook.com/himawaritgi

Saturday, December 22, 2012

ပီတိ

22ရက်နေ့က ငယ်ငယ်က ကျေးဇူးရှိခဲ့တဲ့ မိဘသဖွယ်စောင့်ရှောက်ခဲ့တဲ့ကျေးဇူးရှင်
အဖြစ်ရင်ထဲမှာအမြဲမှတ်သားခဲ့တဲ့လူကြီးမိဘနှစ်ဦးကို ငွေတစ်သိန်းကန်တော့ခဲ့ပါတယ်
ဆုပေးတော့ရင်ထဲမှာ ကျေးဇူးရှိဖူးတဲ့သူကို ဂါရဝပြုရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်
ငယ်ငယ်က ဒီအိမ်မှာနေခဲ့ စားခဲ့ ကစားခဲ့ အိပ်ခဲ့ရတာကိုပြန်သတိရမိတယ်
အငြိမ်းစားဆေးတပ်တပ်မှူးအိမ်
ဆေးခန်းဖွင့်ထားပြီး ခင်တို့က ကူကြသလို အန်တီကခရစ္စယာန်ဆိုတော့
ဘုရားရှစ်ခိုးဆုတောင်းပွဲတွေမှာလည်း
ခင်တိုကပျော်ခဲ့တာပဲ ခြောက်တန်းနှစ်ကစလို့ဆယ်တန်းအောင်တဲ့အထိဒီမိသားစုအိမ်မှာ ကြီးပြင်းခဲ့တာ သမီး သား တူတွေတူမတွေကလည်း ခင်နဲ့က မောင်နှမတွေလိုချစ်ခင်ခဲ့တာကြောင့်
မိသားစုလေးလိုခံစားခဲ့ရတယ်
ခင်ဝန်ထမ်းဘဝမှာ ငွေကြေးအဆင်မပြေတဲ့ကာလတွေမှာစိတ်ထဲကသာရှိတာ လက်ကမရောက်နိုင်ခဲ့ဘူး ဒီနေ့မှာတော့ ခင်ပိုင်ဆိုင်မှုလေးရောင်းခဲ့
ရတာနဲ့ ဇာတိရွှေညောင်ကိုဆင်းလာခဲ့ပြီး
မွေးမိခင်ကို တစ်သိန်း ငယ်ဘဝက ခင့်ကို ကျွေမွေးဂရုစိုက်ပြီး ခင့်ဘက်က
မားမားမတ်မတ် ရှိပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို ကန်တော့ရင်း တူတွေတူမတွေကိုမှုန့်ဖိုးတွေပေးခဲ့တယ် ရင်ထဲမှာဖြစ်တဲ့ပီတိဟာ မျက်ရည်လည်မိပါတယ်
ခင့်ငယ်ဘဝလေးမှာပျော်ရွှင်အောင်မိသားစုအိမ်လေးထဲမှာ နွေးထွေးစွာ ထားပေးခဲ့တဲ့ တောင်ကြီး ဆေးတပ် တပ်မှူး ဒုဗိုလ်မှူးကြီးမောင်ထွေး နဲ့
အန်တီ ဒေါ်နော်ရှာဖော တို့ကို ရင်ထဲမှာ မိသားစုလို နွေးထွေးစွာ ကျေးဇူးတင်ချစ်ခင်မဆုံးပါကြောင်း
ပီတိနဲ့ မှတ်တမ်းတင်ပါရစေရှင် ..........့

Friday, December 14, 2012

သံယောဇဉ်သို့ တမ်းချင်းကဗျာ

သံယောဇဉ်သို့ တမ်းချင်းကဗျာ
*************************************
တကယ်မဝေးပေမယ့် သူစိမ်းပြင်ပြင်အနေစိမ်းတော့
ရင်ထဲမှာ နာကြင်မိတယ်
ကိုယ်တန်ဖိုးထား တွယ်တာလေသမျှ
ရယ်ပွဲဖွဲ့ညှိုးရက်တယ်ကွယ်
ချစ်တယ်ချိုစကားတွေပြောခဲ့တာလည်း
နင်ပါပဲကွယ်...........
ရင်ထဲမှာ နင့်အောင်နာပေမယ့်
အပြုံးမပျက်စောင့်ကြည့်လျှက်ပါ
နင်ပစ်သွားတဲ့နေ့ရက်တိုင်းဟာ
ပြက္ခဒိန်မှာ အနီစက်တွေ
ကိုယ့်နှလုံးသားကအရှင်လတ်လတ်သွေးထွက်နေတဲ့ရက်စွဲတွေက
လှောင်ပြောင်ရယ်ပွဲဖွဲ့သံတွေကြားမှာ
ချစ်သူရဲ့ ချန်ထားရက်ခြင်းကို
ရင်နဲ့မမျှအောင်ခံစားနေရတဲ့
ဟောဒီက ကောင်အတွက်ကတော့
ရူးသွပ်လုမတတ်ပါပဲကွယ်......
သူတကာတွေလှောင်ရယ်ဖွဲ့အောင်
ချစ်ခဲ့တုန်းကတော့နင်အသည်းနင့်လောက်အောင်ထိ
ချစ်ပေးခဲ့တယ်ဆို၊ ခုတော့အခါ တမာခါးတယ်ဆိုတာတောင်
နင့်နှုတ်ဖျားက စကားကသာတယ်
ဘာတဲ့ မေ့ပြစ်လိုက်တော့တဲ့လား
ကလေးကစားစရာလို ကိုယ့်ကို လှည့်စားခဲ့တာလား...........
ဝေဒနာကို ဟန်လုပ်ပြုံးရင်တောင်
မဲ့နေတဲ့ကိုယ့်ရုပ်သွင်က
လူတကာဟားစရာဖြစ်အောင် မင်းအချစ်က
စော့ကစားတဲ့အချစ်တဲ့လား..........
ဆုတောင်းခွင့်ပြုရင် တောင်းဆုခြွေချင်တယ်အချစ်ရယ်
ကိုယ်ခံစားခဲ့ရတဲ့ ဝေဒနာ တစ်စက်တစ်မှုန်လောက်တောင်
မင်းချစ်တဲ့သူနဲ့တွေ့တဲ့အခါ မခံစားရပါစေကြောင်း
မင်းပျော်ရင် ကိုယ်ကျေနပ်တာမို့
မင်းအမုန်းကို ပြုံးဟန်ဆောင် ကျေနပ်နေမှာမို့
ရင်ခွင်ဟောင်းကို ပြန်လာမယ်ဆိုရင်တောင်
အိပ်မက်လိုလို အတွေးတွေအဖြစ်
ကိုယ်မေ့ပစ်ပေးမယ်လေ.........
ယောက်ျားမာနမရှိတဲ့ကောင်လို့ ဝေဖန်အပြစ်တင်ရင်လည်း
ကိုယ်ဆိုတဲ့လူသားတစ်ယောက်ဟာ
တစ်သက်မှာ တစ်ယောက်ကို ပဲ နှစ်နှစ်ကာကာချစ်ခဲ့တာမို့
မျက်နှာမပြောင်းချင်တဲ့သူဖြစ်ကြောင်းကို
ကြေငြာမောင်းခတ်ပါရစေလေ......။
(ယွန်းဆုဝဿန်မှ ဖြိုးကိုကိုအတွက် လက်ဆောင်ပေးခြင်းပါ)26-11-2012

ဆရာ မောင်ဆန္ဒ(လယ်ဝေး)အတွက် စာပေဆု(၂)ဆုရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်း

ဆရာမောင်ဆန္ဒ(လယ်ဝေး)အင်းလေးဖောင်တော်ဦးဘုရားမှာ ရွှေဆိုင်းကပ်လှူ(၂၈-၂-၂၀၁၁)


ဆရာ မြင်းမူမောင်နိုင်မိုး


Thursday, December 13, 2012

၂၀၁၃နှစ်သစ်ကို ကြိုတဲ့ အလွမ်း

လေအေးလေးတွေရင်ထဲမှာနွေးဖူးသလိုပဲ
အေးစက်တဲ့နှင်းတွေကြားမှာ
တိုးဖွတဲ့ရယ်သံချိုလွင်လွင်ကြောင့်
ရှက်သွေးဖြာပူနွေးဖူးပါရဲ့
ဆောင်းဆိုတဲ့ အေးမြမှုကို လွမ်းလွန်လွန်းလို့ပါ။
နှင်းကြားမှာ မမြင်နိုင်တဲ့
နှလုံးသားကမေတ္တာတရားဟာ
အစဉ်ထာဝရ နွေးထွေးမှုတွေ
ဘ၀ကို လမ်းပြခေါ်နေသလိုလို။
ချယ်ရီတွေပွင့်ဖူးဝေဆာဖူးတဲ့
တောတောင်တန်းတချို့မှာ
စိန်ပန်းပြာတွေလည်းဝေခဲ့ဖူးပါရဲ့
ဘယ်ပန်းကိုမဆို ကြွေနမ်းမှာစိုးရိမ်ဖူးပါရဲ့
ပန်းကြွေလမ်းတွေလည်းလျှောက်ခဲ့ဖူးပါရဲ့
နှစ်ဦးတူ ကြည်နူးစရာစကားတွေလည်း
မျက်ဝန်းမှာအပြုံးနုနုတွေနဲ့
ရင်ခုန်ကြည်နူးစွာပြောခဲ့ဖူးပါရဲ့ကွယ်။
တစ်ခါတစ်ခေါက်တော့ ရင်ထဲမှာ ရောက်ချင်မိတာ
နှင်းမှုန်တွေကြားစိန်ပန်းပြာတွေဖွေးဖွေးလှုပ်တဲ့
ဟောဟိုက စိမ်းမြမြယူကလစ်တန်းကို
မြေနီနီကျော်ဖြတ်နင်းပြီး
ချယ်ရီပင်အောက်လမ်းလျှောက်ခဲ့ချင်တာ
ကြာကြာလှပေါ့အတွေးတွေ
ခုတော့လေ ဘယ်မလဲ ချယ်ရီရေ
ဝေပါဦးလား အရင်ကလို
မြင်မြင်သမျှနေကြာရိုင်းပွင့်ဖတ်ဝါ၀ါတွေ
မွှေးမပျံ့တော့တဲ့ ထင်းရူးနံ့တွေရေ
ချစ်သူနဲ့အတူ လျှောက်ဖူးခဲ့တဲ့
မီးတားလမ်းလေးရေ
မြို့ပတ်ကားတွေဘီးခြေရာအောက်မှာ
ကတ္တရာတွေအဆီပြန်လို့နေ
အော် လွမ်းရတာလည်း နှစ်နှစ်ဆယ်
ဘယ်လိုလို့ တမ်းတနေပါလိမ့်
တက္ကသိုလ်ဖုန်းနိုင်ရေးခဲ့တဲ့
စာလေးတွေသတိရတော့
အတူသွားခဲ့ဖူးတဲ့ ဆုတောင်းပြည့်ဘုရား
ကို ခုတော့ခုတော့ ဝေးဝေးကသာ
လှမ်းမျှော်သက်ပြင်းချ
ကြာခဲ့ပါပြီကော။
နှင်းတွေထဲတော့ လမ်းလျှောက်မယ်စိတ်ကူးရင်း
တက္ကသိုလ်နားတစ်ဝှိုက်က အဓိပတိလမ်းကိုလည်း
မျှော်လွမ်းမိပါရဲ့
ခုတော့ သူစိမ်းဆန်အကြည့်ရိုင်းတွေနဲ့
ရင်ငွေ့မှာ ခိုလုံဖူးတာတောင်
မသိချင်ယောင်ဆောင်အနှိုးခက်လို့
တစ်ခါတစ်ခေါက်တောင် ရောက်မလာခဲ့မိဘူး
လွမ်းလိုက်တာ အမိတက္ကသိုလ်ရယ်
စိမ်းရက်တယ်နော်။
ဘာတွေရေးနေမိပါလိမ့်
သူငယ်ချင်းတွေဆီပြန်တမ်းတမိတော့
တက္ကသိုလ်ထဲမှာ ဆရာပြန်လုပ်နေတဲ့
အပျိုကြီးမမတွေလည်း သတိရတယ်
သူတို့ကတော့ ဒီနယ်မြေမှာ
အမြဲသစ်ဆန်းတဲ့ ခြေလှမ်းတွေနဲ့လျှောက်လို့
တက္ကသိုလ်ပျော်တွေပေါ့နော်။
အင်းနော်
လွမ်းရတာတွေ ခေါင်းစဉ်များပြီး
ဒီနေ့လည်း ဟိုတွေးဒီတွေးနဲ့
လာပြန်ပြီ နှစ်သစ်တခါကူးဦးမယ်
၂၀၁၃ဆိုတာ ပေါင်းလိုက်ရင် ခြောက်ပဲရတာမို့
ပျင်းခြောက်စရာနှစ်သစ်ကို
ဘယ်လို ပျော်ရွှင်မှုနဲ့ ကြိုဆိုရမလဲ
ပြောရရင် လွမ်းတာတွေတောင်ပျောက်တယ်
ပျင်းခြောက်ခြောက် ကဗျာ။(ယွန်းဆုဝဿန်-၁၄-၁၂-၁၂)

Wednesday, December 12, 2012

Golden Land of Myanmar, Images of Pagan Pagodas၂၀၁၁ခုနှစ်၊ မတ်လက သားလေးဆယ်တန်းစာမေးပွဲအပြီး ပုဂံညောင်ဦး ၊ ပုပ္ပါးဘုရားဖူးသွားတုန်းက ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေ

ပုဂံဘုရားက ရှေးဟောင်းလက်ရာ ပန်းချီပညာ

ပုဂံဘုရားက ရှေးဟောင်းလက်ရာ ပန်းချီပညာ









တန့်ကြည်တောင်သို့ သွားဖို့ မြစ်ကမ်းလှေဆိပ်မှာ သားလေး

ချစ်ရတဲ့ ခင့်သားသားလေး

ကမ်းဘေးမှာ စက်လှေလေး

ဗူးဘုရားကို နောက်ခံထားပြီး ကမ်းစပ်မှာ စက်လှေစီးဖို့ပြင်ကြတယ်

စက်လှေတစ်စီးနဲ့ တန့်ကြည်တောင်ကို သွားကြစို့



တူးရင်းတောင်ခြေက မြကန်သာတဲ့

ပုပ္ပါးတောင်ပေါ်မှာ


ပုပ္ပါးတောင်ပေါ်ကမြင်ရတဲ့ မြင်ကွင်း

ပုပ္ပါးတောင်ခြေမြင်ကွင်း

ပုဂံက နန်းတော်ရှေ့မှာ ချစ်သားလေး



ဒါကတော့ ဘုရင့်ပုလ္လင်ရှေ့မှာ ဘယ်သူလဲ







ပုဂံက ဘုရား